Connect with us

Environment, Disasters & Accidents

နိုင်ငံအနှံ့ တိုင်းနှင့် ပြည်နယ် ၁၀ နေရာတွင် သီးနှံစိုက် ဧက ၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၁ သောင်း ကျော် ပျက်စီးခဲ့

စစ်ကိုင်းတိုင်းဒေကြီး ကောလင်းမြို့နယ်၌ ရေနစ်မြုပ်သွားသော လယ်ယာမြေများအား ပြန်လည် ဖော်ထုတ်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ နေရာတွင် ရေကြီးနစ်မြုပ်မှုနှင့် သီးနှံများ ထိခိုက် ပျက်စီးမှု အခြေ အနေများကြောင့် သီးနှံစိုက်ဧက ၂ သိန်းကျော် ရေနှစ်မြုပ်ခဲ့ပြီး လယ်ဧက ၁ သောင်း ကျော် ပျက်စီးခဲ့ရကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် နေပြည်တော် ၊ ကချင် ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်း ၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရေကြီးရေ လျှံ မှုနှင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွား ခဲ့သည်။

ယင်း ရေကြီး နစ်မြုပ်မှုနှင့် သီးနှံများ ထိခိုက် ပျက်စီးမှု အခြေအနေများမှာ နေပြည်တော် တွင် ရေကြီးနစ်မြုပ်မှု ၂၃ ဧက အနက် ၂၃ ဧက ပြန်ပေါ်ခဲ့သည်။ ကချင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၂၃,၆၁၅ ဧကအနက် ၂၃,၆၀၇ ဧက ပြန်ပေါ်ခဲ့ သော်လည်း ၈,၂၅၉ ဧက ထိခိုက်ပြီး ၃,၅၂၉ ဧက ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရေကြီး နစ်မြုပ်မှု ၈၉,၅၇၈ ဧက အနက် ၇၄,၂၃၁ ဧက ပြန်ပေါ်ခဲ့သော်လည်း ၄၅,၀၈၉ ဧက ထိခိုက်ပြီး ၁၄,၁၄၃ ဧက ပျက်စီးခဲ့သည်။ ပဲခူးတိုင်း ဒေသကြီးတွင် ရေကြီး နစ်မြုပ်မှု ၁၅,၇၇၄ ဧကအနက် ၁,၃၂၇ ဧက ပြန်ပေါ်ခဲ့သော်လည်း ၁,၃၂၇ ဧက ထိခိုက်ပြီး ၇၄၆ ဧက ပျက်စီးခဲ့သည်။ မန္တလေး တိုင်းဒေသကြီးတွင် ရေကြီး နစ်မြုပ်မှု ၅၅၃ ဧက အနက် ၄၆၇ ဧက ပြန်ပေါ်ခဲ့သော်လည်း ၆၀ ဧက ထိခိုက်ပြီး ၃ ဧက ပျက်စီးခဲ့ဲ့သည်။ မွန်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၁၀၀ ဧကရှိခဲ့သည်။ ရခိုင်ပြည် နယ်တွင် ရေကြီး နစ်မြုပ်မှု ၂၄,၂၃၅ ဧကအနက် ၂,၉၁၅ ဧက ပြန်ပေါ် ခဲ့သော်လည်း ၂,၁၇၁ ဧကထိခိုက်ပြီး ၁,၄၄၀ ဧက ပျက်စီးခဲ့သည်။ ရန်ကုန် တိုင်း ဒေသကြီးတွင် ရေကြီးနစ်မြုပ်မှု ၉,၄၉၁ ဧက အနက် ၈၄၉ ဧက ပြန်ပေါ် ခဲ့သည်။ ရှမ်းပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၈,၉၈၉ ဧက အနက် ၅၄၇ ဧက ပြန်ပေါ် ခဲ့သော်လည်း ၃၄ ဧက ထိခိုက်ပြီး ၇ ဧက ပျက်စီးခဲ့သည်။ ဧရာဝတီ တိုင်းဒေသ ကြီးတွင် ရေကြီး နစ်မြုပ်မှု ၄၁,၃၀၅ ဧကရှိခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။နိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများ ရာသီဥတုကြောင့် ပျက်စီး ဆုံးရှုံးမှုများမရှိစေရန် ကြိုတင် ကာကွယ်ခြင်း၊ ရေကြီး နစ်မြုပ်နေသည့် စိုက်ခင်းများအား အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရန် အရန်မျိုးများ ပျိုးထောင်ခြင်း၊ အချိန်မီ ပြန်လည် စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အဆင့်ဆင့်သော ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117