Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ယခင်မြေပြိုကျခဲ့သည့်စုပေါင်းလုပ်ကွက်၌ မြေပြိုကျမှု ထပ်မံဖြစ်ပွါး

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာ၌ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါမြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီ အဆောက်အဦနှင့် ဘက်ဟိုး(၁)စီး၊ ယခင်လူနေသည့် ဈေးတန်းဘက်မှ နေအိမ် (၁၂)လုံး (လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိဘဲ ထပ်မံ၍ အန္တရာယ်ရှိသည့် နေအိမ်များအား ကူညီရွှေ့ပြောင်းပေး လျက်ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-MOI)

ယနေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေပြိုကျမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ-MOI)

” အရင်တုန်းကလူတွေနေတဲ့ဘက်က အိမ်တွေ ပြိုကျတဲ့အထဲပါသွားတယ်၊ လူတော့ ထိခိုက်မှုမရှိဘူး၊ထပ်ပြိုနိုင်တဲ့အလားအလာရှိတဲ့ဘက်က အိမ်တွေ ခုရွှေ့ပေးနေတယ်”ဟု ဖားကန့်မြိုနယ် မီးသတ် စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မြေပြိုကျမှု ထမ်မံဖြစ်ပွားသည့်နေရာသို့ ဖားကန့်မြိုနယ် မီးသတ် စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် များဖြင့် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂ရက်က အဆိုပါ နေရာတွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၇၂ ဦးသေဆုံးပြီး ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117