Connect with us

Environment, Disasters & Accidents

ဘီးလင်းမြစ်ရေ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန် မြင့်တက်ကာ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ယာဉ်များ သွားလာမှု ယာယီ ပိတ်ထား

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ယာဉ်များ သွားလာမှု ယာယီ ပိတ်ထားမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ သထုံခရိုင် ၊ ဘီးလင်း မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန် မြင့်တက်ကာ ကားလမ်းမ အထက် ရေ ၄ ပေ ခန့် မြင့်တက် လာမှုကြောင့် ယနေ့ နံနက်ပိုင်း မှစ၍ အဝေးပြေးယာဉ်များ သွားလာမှု ယာယီ ပိတ်ထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်မှ မော်လမြိုင်သို့သွားသော ယာဉ်ကြီးယာဉ်ငယ် ၁၅၀ စီးနှင့် မော်လမြိုင်မှ ရန်ကုန်သို့သွားသော ယာဉ်ကြီး ၊ ယာဉ်ငယ် အစီး ၁၀၀ တို့အား သွားလာမှု ယာယီ ပိတ်ထားပြီး ယာဉ်ပေါ်ပါ ခရီးသည်များ အား မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များမှ ကူညီစောင့် ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ဘီးလင်းမြစ်ရေ သည် စိုးရိမ်ရေအမှတ် ၁၀၂၂ ထက် ၅၀ စင်တီမီတာ ကျော်လွန် မြင့်တက် နေကြောင်း သိရသည်။(Xinhua)