Connect with us

Environment, Disasters & Accidents

မြဝတီမြို့တွင် ခရီးသည်တင်ယာဉ်တစ်စီး လမ်းချော်ပြီး ၆ ဦးဒဏ်ရာရရှိ

ခရီးသည်တင်ယာဉ်တစ်စီး လမ်းချော်ပြီး တောင်ကမ်းပါးယံအား ၀င်ရောက်တိုက်မိစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် မြဝတီမြို့နယ် အာရှလမ်း ကွမ်းခြံကုန်းကွေ့ ကုန်းအဆင်းတွင် မေ ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလာမင်း ခရီးသည်တင်ယာဉ် တစ်စီးလမ်းချော်ပြီး လူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မန္တလာမင်း မှန်လုံယာဉ်သည် ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာစဉ် အာရှလမ်းမကြီး ကွမ်းခြံကုန်း ကွေ့ကုန်းအဆင်းတွင် ဘရိတ်အုပ်စဉ် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး စလစ်ဖြစ်ကာ လမ်း၏ယာဘက်ခြမ်းရှိ တောင်ကမ်းပါးယံအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ကျား (၄)ဦးနှင့် မ(၂)ဦးတို့ကို မြဝတီဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးခဲ့ရာ ဒဏ်ရာရရှိသူများအနက် တစ်ဦးသာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက် ကုသလျက်ရှိပြီး ကျန် ငါးဦးမှာ သာမန်ဒဏ်ရာသာ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117