Connect with us

Environment, Disasters & Accidents

သထုံ-ဘားအံ ကားလမ်းပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် လမ်းချော်တိမ်းမှောက် ၊ ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရ

သထုံ-ဘားအံ ကားလမ်းပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် လမ်းချော်တိမ်းမှောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ယနေ့ နံနက် တွင် GI Group ရန်ကုန်-မြဝတီ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ သထုံဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း ဦးကျော်တင် (၅၅)နှစ်၊ (ဘ) ဦးစိုးရှိန်၊ ဥဿ ာမြို့သစ်၊ ပဲခူးမြို့နေသူ မောင်းနှင်ပြီး ခရီးသည် ၂၆ ဦး တင်ဆောင်လာသည့် ယာဉ်အမှတ် 8L/ —-, GI Group ရန်ကုန်-မြဝတီ ခရီးသည်တင်မှန်လုံယာဉ်သည် သုဓမ္မဝတီမြို့သစ်၊ သဇင်လမ်းထိပ် အနီး၊ ရန်ကုန်-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၄ နှင့် ၂/၅ အကြားတွင် လမ်းချော်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်အချို့မှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ကာ လူထိခိုက် ဒဏ်ရာရခဲ့သဖြင့် မှန်လုံယာဉ်မောင်း ဦးကျော်တင်အား သုဓမ္မဝတီမြို့သစ်ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.