Connect with us

Environment, Disasters & Accidents

ဧပြီလအတွင်း လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင် 

လေပြင်းတိုက်ခိုက်ပြီး နေအိမ်အမိုးလန်ပျက်စီးမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဧပြီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက “နေ့အပူချိန်တွေ တစ်ဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပြန် တက်တိမ်များဖြစ်ထွန်ပြီး မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်တယ် ၊ အဲဒီမိုးတိမ်တောင်ရွေ့လျားတဲ့နေရာတစ်လျှောက်မှာ လေပြင်းတိုက်တာတွေ ၊ မိုးသီးကြွေတာတွေဖြစ်နိုင်တယ်’’ ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။  (Xinhua)