Connect with us

Environment, Disasters & Accidents

နမ့်ဆန်မြို့ကို မြို့ပြစီမံကိန်းအသစ် ပြန်လည်တည်ဆောက်မှုလုပ်ငန်းများ စတင်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့၌ မီးလောင်ကျွမ်းခဲ့သော နေရာအချို့အား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department )

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ကို မြို့ပြစီမံကိန်းအသစ်ရေးဆွဲပြီး ပြန်လည်တည်ဆောက်မှုကို စတင်နေပြီဖြစ်ကြောင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ထံမှ သိရသည်။

မီးလောင်ကျွမ်းသည့် မီးလောင်ပြင်တွင် ရှင်းလင်းရေး လုပ်ဆောင်မှုများသည် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်၌ အားလုံးပြီးဆုံး၍ မြို့ပြစီမံကိန်းအသစ် စတင်နေပြီဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း၌ ပြန်လည်တည် ဆောက်ရာတွင် အဆင့်သုံးဆင့် ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါ မြို့ပြစီမံကိန်းသစ် ပထမအ ဆင့်၌် လမ်းနေရာချဲ့ထွင်ခြင်း၊ နေအိမ်များ အနောက်သို့ ဆုတ်ခြင်း၊ နေအိမ်တစ်အိမ်နှင့် တစ်အိမ်ကြား ခြောက်ပေခန့်အကွာတွင် ပြန်လည် ဆောက်လုပ်ခြင်း၊ လမ်းနေရာအပါအဝင် မျက်နှာချင်းဆိုင်နေအိမ် တစ်အိမ်နှင့် တစ်အိမ် အကွာအဝေး ပေ ၃၀ အထိ ချထားခြင်း၊ဒုတိယအဆင့်တွင် မြို့ရှောင်ပတ်လမ်းဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ တတိယအဆင့်တွင် လူနေအိမ် များ ဆောက်လုပ်နိုင်မည့် တောင်စွယ်နေရာများ၌ နေရာချဲ့ထွင်ခြင်း စသည်တို့ ရေးဆွဲပြုလုပ်မည်ဖြစ်သည်။

နမ့်ဆန်မြို့ တွင် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲမှ စတင်၍ ၁၇ နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့ဲပြီး အိမ်ခြေ ၂၀၉ လုံးဆုံးရှုံးကာ အိမ်ထောင်စု ၃၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.