Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝန်း ငါးနှစ်တာ ကာလအတွင်း မီးလောင်မှု ၇,၁၅၂ ကြိမ် ဖြစ်ပွားပြီး ကျပ်သန်း ၂၃,၄၃၀ ခန့် ဆုံးရှုံး

ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှု အား မီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ် ပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၅) နှစ် အတွင်း မီးလောင်မှု အကြိမ်ပေါင်း ၇,၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၂၃,၄၃၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၅ နှစ်အတွင်း ၂၀၁၁ ခုနှစ်က မီးလောင်မှု ၉၂၃ ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် မီးလောင်မှု ၁,၂၁၉ ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် မီးလောင်မှု ၁,၆၇၃ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် မီးလောင်မှု ၁,၆၂၉ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် မီးလောင်မှု ၁,၇၀၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ၅ နှစ်တာ ကာလအတွင်း ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း နှစ်သောင်း သုံးထောင့် လေးရာကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အတွက် အလွန်ကြီးမားသည့် နစ်နာ ဆုံးရှုံးမှု ဖြစ်သည့် အတွက် ထိုကဲ့သို့ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်နှင့် မီးလောင်မှုများ လျော့နည်း ကျဆင်းစေရန် မီးသတ် တပ်ဖွဲ့ဝင်များ၏ စွမ်းရည် ၄ ရပ်ဖြစ်သည့် မီးသတ် စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်၊ အုပ်ချုပ်မှု စွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်များ မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.