Connect with us

Environment, Disasters & Accidents

ပုဂံ ငလျင်ဒဏ်သင့် လက်ရာ တန်ဖိုးကြီး ဘုရား ၈၉ ဆူကို နိုင်ငံတော်မှ ဦးစီး၍ ပြည်တွင်း/ပြည်ပ ပညာရှင်များ အနီးကပ် ပူးပေါင်းမှုဖြင့် ထပ်မံစစ်ဆေး၍ အချိန်ယူ ပြုပြင်သွားမည်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ စေတီ ၊ ပုထိုး တစ်ဆူအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ပုဂံငလျင်ဒဏ်သင့် အနုပညာ ၊ ဗိသုကာ လက်ရာ တန်ဖိုး ကြီးမားသည့် ဘုရားကြီး များဖြစ်သည့် ပထမအဆင့် ၃၆ ဆူနှင့် ဒုတိယအဆင့် ၅၃ ဆူ စုစုပေါင်း ၈၉ ဆူကို နိုင်ငံတော်မှ ဦးစီး၍ ပြည်တွင်း/ ပြည်ပပညာရှင်များ၏ အနီးကပ် ပူးပေါင်းမှုဖြင့် တစ်ဆူချင်း ထပ်မံစစ်ဆေး၍ အချိန်ယူကာ ပြုပြင်သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယခုအခါတွင် သာမန်နှင့် အသေးစား ထိခိုက်ပျက်စီးသော တတိယ အဆင့် ၃၀၀ ဆူ အနက်မှ ထပ်မံစိစစ်ရန် လိုအပ်သော ၇၆ ဆူအား အသေးစိတ် ထပ်မံ စိစစ်နိုင်ရန် ခေတ္တ ချန်လှပ်၍ ကျန် ထိခိုက် ပျက်စီးမှု နည်းပါးသော စေတီ၊ ပုထိုး ၂၂၄ ဆူအား လက်တွေ့ သင်ကြား ပြသရင်း တစ်ဆက်တည်း ပြုပြင်မှုများ ဆောင်ရွက်နေပြီး လှူဒါန်းလိုသည့် အလှူရှင်များအား လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ငလျင်ဖြစ်ပွားသည့် အချိန်မှ ၃ လတာ ကာလအတွင်း ပြည်တွင်း/ ပြည်ပ ပညာရှင်များ အကြံပြုချက်နှင့် ပူးပေါင်းပါဝင် ကြီးကြပ်မှုတို့ဖြင့် ထပ်မံပျက်စီးခြင်းမဖြစ်စေရန် အဆူ ၄၃၀ အား အရေးပေါ် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိ စေတီ၊ ပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.