Connect with us

Environment, Disasters & Accidents

မိုးကြီးရေလျှံမှုများကြောင့် ရထားသံလမ်း/တံတားများ ရေလွှမ်းမိုး တိုက်စားပြီး ရထားခရီးစဉ် ဖျက်သိမ်းမှု များရှိနေ

မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်း ပျက်စီးမှုများ အားမြင်တွေ့ရစဉ် (ဓာတ်ပုံ-ရထားပို့ဆောင်ရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြီး ရေကြီး ရေလျှံမှုများကြောင့် ရထား သံလမ်း/တံတားများ ရေလွှမ်းမိုး တိုက်စားခံရပြီး လားရှိုး-မန္တလေး အစုန် ရထားခရီးစဉ် ဖျက်သိမ်းရခြင်းများ ရှိနေကြောင်း ရထား လမ်းပိုင်းပိတ်၍ ပြုပြင်ရေးလုပ်ငန်းများ အမြန်ဆုံး ပြီးစီးရေး ဆောင်ရွက်နေသည်ဟု သိရသည်။

လားရှိုး-မန္တလေး ရထားလမ်းပိုင်းတွင် ရေလွှမ်းမိုး တိုက်စားမှုကြောင့် သီပေါ-တာပုလဲ အကြား မိုင်တိုင် (၅၀၉/၁၃-၁၄) ရှိ တံတားအမှတ် ၃၉၁ ၏ ရေလည်တိုင်အမှတ် ၃ သည် အနည်းငယ် တိမ်းစောင်း သွားခဲ့သဖြင့် ယမန်နေ့ဇူလိုင်လ ၂၆ ရက်နေ့တွင် လားရှိုး-မန္တလေး ၁၃၂ အစုန်ရထား ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။ သီပေါ-တာပုလဲ ရထားလမ်းပိုင်းအား ဇူလိုင်လ ၂၆ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ၁၀ ရက်ခန့်ပိတ်၍ တံတားပြုပြင်ရေး လုပ်ငန်းများ ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပြီး မန္တလေး-သီပေါ ရထားခရီးစဉ်ကို ဆက်လက် ပြေးဆွဲပေးလျှက် ရှိသည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရေဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သဖမ်းဆိပ်ဆည် ရေလျှံခြင်းကြောင့် အင်းပက်နှင့် မြစ်တော်အကြား မိုင်တိုင် (၅၂၁/၁-၂) ရှိ တံတားအမှတ် ၃၀၆ ၏ ခင်ဦးဘက်ခြမ်း ရေတိုက်စားပြီး မိုင်တိုင် (၅၂၁/၁၀-၁၈) တွင် ရထား သံလမ်းပေါ်သို့၁၀ လက်မခန့်ရေကျော် တတ်ရောက်ခဲ့သဖြင့် အင်းပက်-မြစ်တော် ရထားလမ်းပိုင်းကို ပိတ်ထားခဲ့ပြီး ပြုပြင်ဆောင်ရွက်ရန် စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

ထို့အတူ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ အတွင်း မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမှုများ ကြောင့် ရထားလမ်းများ ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ မိုးညှင်း-ချပ်သင်း ရထားလမ်းပိုင်းများ ပိတ်ထား သော်လည်း မိုးညှင်း-မြစ်ကြီးနား-မိုးညှင်း အထူးရထားနှင့် မန္တလေး-ချပ်သင်း-မန္တလေး အထူးရထားအား ဆက်လက် ပြေးဆွဲပေးလျှက် ရှိကြောင်းနှင့် ပျက်စီးသွားသော ရထားလမ်း ၊ တံတား ပြုပြင်နေမှုများ အမြန်ဆုံး ပြီးစီး နိုင်ရေးအတွက် မြန်မာ့မီးရထားမှ ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.