Connect with us

Politics, Law & Military

ကိုးကန့်နှင့် ဝ တိုင်းရင်းသား ပါတီများ ရွေးကောက်ပွဲ ဝင်မည်

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်း ကြည့်နေသူများ (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

၂၀၁၅ အထွေထွေပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီနှင့် ဝ တိုင်းရင်းသား ပါတီတို့မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဝ အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဆမ်ဆောင်ကား က ပြောကြားသည်။
အဆိုပါ ပါတီများအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများကိုလည်း ရွေးချယ် ထားကြောင်း သိရသည်။

ရှမ်းပြည် မြောက်ပိုင်း ကွမ်လုံ၊ လားရှိုးနှင့် သိန္နီ စသည့် မြို့နယ် ၃ မြို့နယ်တွင် ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီအနေဖြင့် ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၀ နေရာ လျာထားပြီး ဝ အမျိုးသား စည်းလုံး ညီညွတ် ရေးပါတီအနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပန်၊ မက်မန်း၊ တန့်ယန်းနှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်မြို့နယ် ၅ ခုရှိ လွှတ်တော် ၃ ရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်း ၆ နေရာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် အစိုးရ တပ်မတော်နှင့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တည်ငြိမ်အေးချမ်းလာပါက ရွေးကောက်ပွဲ ကျင်းပပေးမည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဇွန်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝ ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် ယခင် ရွေးကောက်ပွဲများတွင် ကျင်းပ နိုင်ခြင်းမရှိဘဲ လက်ရှိ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌လည်း ခက်ခဲမှုများ ရှိသဖြင့် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်း မရှိကြောင်း ၎င်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

မိုင်းလား ဒေသ၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ယခင် ရွေးကောက်ပွဲကို မိုင်းလား ဒေသတွင် ကျင်းပပေးနိုင်ခဲ့ပြီး ကချင်ပြည်နယ်ရှိ ဒေသ အကုန်လုံး၌ မဲစာရင်းကောက်ယူရန် အခက်အခဲ၊ ကိုယ်စားလှယ်များ မဲဆွယ် စည်းရုံးနိုင်ခြင်း မပြုလုပ်နိုင်သည့် အခက်အခဲများကြောင့် ကျင်းပ ပေးနိုင်ခြင်း မရှိကြောင်း ဦးတင်အေးက ဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် မဲဆန္ဒ နယ်မြေပေါင်း ၁,၁၇၁ နေရာရှိပြီး မဲဆန္ဒနယ်မြေ အပြည့် ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်ခြင်း ရှိမရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားခြင်း မရှိသေးပါ။ (Xinhua)