Connect with us

Politics, Law & Military

တတိယနှစ် ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲများ ဆက်လက် ကျင်းပ

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ)

အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ဆက်လက် ကျင်းပခဲ့ရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ရှင်းလင်း တင်ပြခဲ့ကြသည်။

ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က “ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ပြည်လမ်းမှာ ရှိတဲ့ မြန်မာ့အသံဝင်းထဲမှာ စတူဒီယို ၁ ဆိုတာ ရှိပါတယ်၊ အဲဒါတစ်ခုလုံးကို ပြုပြင် မွမ်းမံတဲ့ အလုပ် လုပ်ပါတယ်၊ ရိုက်ကူးရေး ပစ္စည်းများလည်း အပါအဝင် ဖြစ်ပါတယ်၊ နောက်တစ်လ လောက်မှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်၊ အဲဒါပြီးသွားရင် အစီအစဉ်သစ်တွေ ဆောင်ရွက်ဖို့ ရှိပါ တယ်၊ ပြီးခဲ့တဲ့ နှစ်ထဲမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံပွဲလို အခမ်း အနား အစီအစဉ်တွေ အတော်များများ ရှိခဲ့ပါတယ်၊ အဲဒီအစီအစဉ်မျိုးကို ထုတ်လွှင့်လိုသူတွေ အတွက် လည်း ရှိတဲ့ ယာဉ်တွေ ယန္တရားတွေနဲ့ ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်”ဟု ပြောခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

တတိယနှစ် ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲများ ကျင်းပနေစဉ် (ဆင်ဟွာ)

တတိယနှစ် ဆောင်ရွက်မှု သတင်းစာ ရှင်းလင်းပွဲများ ကျင်းပနေစဉ် (ဆင်ဟွာ)

ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့် အစီအစဉ်အရ လွန်ခဲ့သည့် တစ်နှစ် တာ အတွင်း ရုပ်သံလွှင့် လိုင်း ငါးခု ထုတ်လွှင့်နိုင်အောင် စီစဉ်ပေးနိုင်ခဲ့ကြောင်း၊ ရုပ်သံလွှင့် ဥပဒေ အတွက် နည်းဥပဒေကိုလည်း ပြင်ဆင်ထားပြီးဖြစ်ရာ အတည်ပြုပြီးသည့်အခါ ရုပ်သံ ကောင်စီ ဖွဲ့စည်းပြီး ရုပ်သံ လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် ရှိကြောင်း၊ ရေဒီယို လုပ်ငန်းကို စိတ်ဝင် စားသူများအတွက်လည်း ရုပ်သံ နည်းဥပဒေ ထွက်ပြီးသည်နှင့် လုပ်ကိုင်နိုင်ခွင့် ရလာမည် ဖြစ် ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးအပိုင်းမှာလည်း မြို့တိုင်းမှာ ရှိသော ပြန်/ ဆက် ရုံးများ၊ စာကြည့်တိုက်များအား ပြုပြင်ပြောင်းလဲထားကြောင်း၊ မည်သူ မဆို ဝင်ရောက် ဖတ်ရှုနိုင်၊ ငှားရမ်းနိုင်သော ပြည်သူ့စာကြည့်တိုက်များ ဖြစ်ရုံသာမက စာဖတ်သူများပြားလာရေးအတွက် စာကြည့်တိုက်ထံ စာဖတ်သူ မရောက်နိုင်လျှင် စာဖတ်သူထံ စာကြည့်တိုက်ရောက်သွားသကဲ့ သို့ စာအုပ်များ အရောက်ပို့သည့် စနစ်မျိုးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုံးများသို့ အများပြည်သူ လာရောက်ပြီး ပြည်သူ အချင်းချင်း၊ အစိုးရနှင့် ပြည်သူ ထိတွေ့ဆွေးနွေးနိုင်သည့် အစိုးရ အရာရှိကြီး တစ်ဦး၊ သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ပါဝင်သည့် ပြည်သူ့ စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ အနုပညာဝိုင်းများ စီစဉ်ပေးခြင်းဖြင့် ဒီမို ကရေစီ အလေ့အထကို ပြည်သူတွေ ကြားထဲ ရောက်ရှိ ထွန်းကားစေသည့် အပြောင်းအလဲများ စီစဉ်ပေး ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က “ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်းမှာ နိုင်ငံခြားသား ခရီးသည်တွေ ပိုများလာဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ ညှိနှိုင်း ပေါင်းစပ်ပြီး ဗီဇာလုပ်ထုံး လုပ်နည်းတွေ ဖြေလျှော့ပေးနိုင်ခဲ့လို့ ဧည့်သည် ဝင်ရောက်မှုဟာ ၂၀၁၈ ခုနှစ်ထဲမှာ ၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၁၉ ပထမ လေးလအတွင်းမှာ ၂၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်ပဧည့်သည် လာရောက်မှုမှာ ၂၀၁၈ ဧပြီမှ ၂၀၁၉ ဧပြီ အတွင်း ၂၇၆၅၄၈ဦး တိုးလာသဖြင့် ယမန်နှစ်ကထက် ၂၃ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လိုင်စင်များ ထုတ်ပေးလျက်၇ှိရာ ၂၀၁၈ ဒီဇင်ဘာလကုန်အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင် ၁၇၀၄လုံး (အခန်း ၆၈၁၆၇ ခန်း)၊ ခရီးလှည့်လည်ရေး လိုင်စင် ၂၇၁၂ ခု၊ ခရီးသည် ပို့ဆောင်ရေး လိုင်စင် ၂၅၅၂ ခုနှင့် ဧည့်လမ်းညွှန် လိုင်စင် ၈၂၁၈ ခု ၇ှိပြီ ဖြစ်ကြောင်း၊ ဒေသခံ လူထုအား တိုက်ရိုက် အကျိုး ဖြစ်ထွန်းစေသည့် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း (CBT:_ Community Based Tourism) ကို ဆောင်ရွက်ခဲ့ရာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်တို့နှင့် စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျေးရွာပေါင်း ၄၀ ပါဝင်သည့် CBT site ၁၇ ခုတို့ကို ဖွင့် လှစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျေးရွာ ရှစ်ရွာပါဝင်သည့် CBT site ငါးခုတို့ကို ဆက်လက် ဖော်ထုတ်ရန် စီစဉ်လျက်ရှိကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခင်မောင် ရီက “တတိယ တစ်နှစ်တာအတွင်းမှာ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော ၂၆ ခု တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ အတွက် လက်ရှိ အခြေအနေမှာ နိုင်ငံ့ ဧရိယာရဲ့ ၂၅ ဒသမ ၃၁ ရာခိုင်နှုန်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်၊ သဘာ၀ ထိန်းသိမ်းရေး နယ်မြေ သုံးခု နိုင်ငံ့ ဧရိယာရဲ့ ၅ ဒသမ ၈၃ ရာခိုင်နှုန်း ဖွဲ့စည်းပြီး ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သစ်တောများ ပြန်လည် ထူထောင်ရေး စီမံကိန်းတွင် သစ်တော စိုက်ခင်းများ ပြန်လည် ထူထောင်ခြင်း အပါအဝင် သစ်တော ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများအား စီမံကိန်း ဇုန် ခြောက်ဇုန် ခွဲခြား၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ပိုင် စိုက်ခင်း ၃၀၈၉၂ ဧက တည်ထောင်နိုင်ခဲ့ကြောင်း၊ သစ်တော သယံဇာတများ ရေရှည်တည်တံ့ရေးအတွက် သစ်ထုတ်လုပ် မှုကို နှစ်စဉ် လျှော့ချ ထုတ်လုပ်လာခဲ့ရာ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ကျွန်းသစ်အား နှစ်စဉ်သစ် တောထွက် ပမာဏ၏ ၃၉ ရာခိုင်နှုန်း၊ သစ်မာအား ၂၇ ရာခိုင်နှုန်း လျှော့ချထုတ်လုပ် နိုင်ခဲ့ ကြောင်း၊ နှစ်စဉ် အချိုးကျ လျှော့ချ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း၊ သစ်တော ဖုံးလွှမ်းမှု တိုးတက်လာစေရေးအတွက် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ခဲ့ရာ ပြီးခဲ့သည့် တစ်နှစ်အတွင်း အဖွဲ့ ၈၂၇ ဖွဲ့(အဖွဲ့ဝင် ၁၅၇၉ ဦး) တို့၏ သစ်တော ဧက ကိုးသောင်း (၉၀၀၀၀) တိုးချဲ့ တည်ထောင်နိုင်ခဲ့သဖြင့် အစိုးရသစ်ကာလ သုံးနှစ်တာအတွင်း အသုံးပြုအဖွဲ့ ၂၃၈၁ ဖွဲ့ (အဖွဲ့ဝင် ၄၈၁၂၂ ဦး) တို့ပိုင် သစ်တော ဧရိယာ ၃၂၁၃၆၈ ဧက အထိ တည်ထောင်နိုင်ခဲ့ကြောင်း၊ ပြည်သူတို့၏ နေ့စဉ် ဘ၀ လိုအပ်ချက်အရပုဂ္ဂလိက ဝါးစိုက်ခင်းများ တည်ထောင်စေခဲ့ရာ ယခင်က ဧက ၄၀၀ ကျော်သာ ၇ှိခဲ့ရာမှ ယခု ဝါးဧက ၁၆၀၀ ကျော် တည်ထောင်ပြီး ဖြစ်ကြောင်း၊ တစ်နှစ်တာ ကာလအတွင်း စံပြ ကျေးရွာပေါင်း ၅၃ ရွာ တည်ထောင်နိုင်ခဲ့ကြောင်း၊ ဆင်ဝန်ထမ်းများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ပြည်သူများ စိတ်အပန်းပြေရေးနှင့် ဆင်ထိန်းသိမ်း စောင့်ရှောက်ခြင်းကို အခြေခံသော ခရီးသွားဆင်စခန်း ရှစ်ခု တို့ကိုလည်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဆင်စခန်း စုစုပေါင်း ၂၀ ခု ရှိလာကြောင်း၊ တတိယ တစ်နှစ်တာ ကာလ အတွင်း တရားမဝင် သစ်များအား ၇ှာဖွေ ဖမ်းဆီးခဲ့ရာ သစ်တန် ၄၄၈၃၀၊ တရားခံ ၅၁၉၂ ဦး၊ ယာဉ်/ ယန္တရား ၃၃၇၇ စီးတို့ကို ဖမ်းဆီး ရရှိခဲ့ကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117