Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၈၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ကွင်းဆက်တရားခံများအားဖမ်းဆီးရမိ

သက်သေခံပစ္စည်းများ နှင့်အတူ ကွင်းဆက်တရားခံများအား တွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanamar)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများအား ငွေကျပ်သိန်း ၉,၈၅၇ ဒသမ ၁ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက်၊ ၀၃း၀၀ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ထားဝယ်မြို့၊ ဘုမ္မာရပ်ကွက်နေ သန်းအောင်(ခ)နိုင်နိုင်ဝင်း ၅၃ နှစ် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်၎င်းနှင့်အတူ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေ နေမျိုးသူစိုး(ခ) နေနေ ၂၄ နှစ်နှင့် ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ရန်နိုင်ဝင်း(ခ)ရန်နိုင် ၂၅ နှစ်တို့အားတွေ့ရှိပြီး  စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၁၁၀ ပြား၊ ice အလေးချိန် ၂ ဂရမ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရ မိခဲ့ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် ဌားရမ်းနေထိုင် သည့် ကျော်ကျော်ဆက်(ခ)ဂွမ်း ၂၅ နှစ်ထံမှ ဝယ်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် စုံစမ်းခဲ့ရာ ၎င်းမှာ လောင်းလုံးမြို့ နယ်၊ မောင်းမကန်ကျေးရွာရှိ ဘန်ဂလို တစ်ခု သို့ရောက်ရှိနေကြောင်းသိရှိခဲ့ပြီး သွားရောက်ရှာဖွေရာ ဘန်ဂလိုထဲတွင် ကျော်ကျော်ဆက်(ခ)ဂွမ်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊(၉)ရပ်ကွက်နေ ထွန်းဦးကျော်(ခ) အာကာ ၂၈ နှစ် နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မလစ်ရပ်ကွက်နေ မထက်ထက်ဦး(ခ)ထက်ထက် ၂၁ နှစ် တို့ အားတွေ့ရှိပြီး စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးဌားရမ်းနေထိုင်သည့် ဆင်ဆိပ်ရပ်ကွက်၊(၅)ခန်းတွဲ၊ (၄)ခန်းမြောက်အခန်း တွင် စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းထားကြောင်း ပေါ်ပေါက်သဖြင့် ၁၄း၀၀ အချိန်တွင် အဆိုပါအခန်းအား ဝင်ရောက်ရှာဖွေရာ ဒေသကာလပေါက်ဈေးငွေကျပ်သိန်း ၉,၈၅၀ တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇,၀၀၀ ပြား နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။  

အဆိုပါသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်ပြီး ထားဝယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117