Connect with us

Politics, Law & Military

တပ်မတော်မှ စစ်သည် ၅၄၀၂ဦးကို တစ်ဆင့်မြင့်ရာထူးအဆင့်များ တိုးမြှင့်ပေးအပ်

စစ်သည်များအား တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ဂုဏ်ပြုအခမ်းအနားကျင်းပနေစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အကြပ်၊ စစ်သည် ၅၄၀၂ဦးကို တစ်ဆင့်မြင့် ရာထူးအဆင့်များအဖြစ် အောက်တိုဘာ ၁ရက်နေ့မှ စတင်ပြီး တိုးမြှင့်ပေးအပ်လိုက်ကြောင်း တပ်မတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်လိုက်သည်။

ယင်း ခန့်အပ်ရာတွင် တပ်မတော်အတွင်း စည်းကမ်းပြည့်ဝစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ပြစ်မှုကင်းရှင်းသူ တပ်သား ၅၃၁ ဦး၊ ဒုတိယတပ်ကြပ် ၁၂၂၈ ဦး၊ တပ်ကြပ် ၆၄၀ ဦးနှင့် ဘွဲ့ရတပ်ကြပ် ၃၉ ဦးတို့အား တစ်ဆင့်မြင့်ရာထူးများ အဆင့်တိုးမြှင့်ပေးခဲ့သည်။

အဆိုပါ တိုးမြှင့်ရာတွင် ပြစ်မှုဖြစ်ပွားခဲ့သော်လည်း ပြစ်ဒဏ်ကျခံပြီးနောက် ပြစ်မှုထပ်မံ မဖြစ်ပွားစေရန် စည်းကမ်းတကျနေထိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်သား ၁၀၅၄ ဦး၊ ဒုတိယတပ်ကြပ် ၁၀၅၅ ဦး၊ တပ်ကြပ် ၈၅၄ ဦး နှင့် ဘွဲ့ရတပ်ကြပ် တစ်ဦးတို့အားလည်း စစ်မှုထမ်းသက် အပေါ်မူတည်၍ တစ်ဆင့်မြင့်ရာထူး အဆင့်တိုးမြှင့်ပေးအပ်ခဲ့သည်။

အဆင့်တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆင့်တံဆိပ်များကို ကိုယ်တိုင်ဂုဏ်ပြုတပ်ဆင်ပေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117