Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ချက်များအနက် နှစ်ချက်သာ အတည်ဖြစ်

လွှတ်တော် ကိုယ်စားလှယ်များ ဆန္ဒမဲ ပေးနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲပေးခြင်းကို ယနေ့ စတင်ခဲ့ရာ ပုဒ်မ ၄၃၆ (က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုတို့ကို စုစည်းထားသော ဆန္ဒမဲ လက်မှတ်(၁)အတွက် မဲခွဲခြင်းအား ပြည်ထောင်စု လွှတ်တော်၌ ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက် နှစ်ခုဖြစ်သည့် ပုဒ်မ ၃၂ (က) နှင့် ၃၂(ခ)တို့သည် ထောက်ခံမဲ ၅၈၄ မဲနှင့် ၅၈၆ မဲ အသီးသီး ရရှိခဲ့သောကြောင့် ယနေ့ အစည်းအဝေးသို့ တက်ရောက် မဲပေးသူ လွှတ်တော် ကိုယ်စား လှယ် ဦးရေ ၆၃၃ ဦး၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သဖြင့် အဆိုပါ ပုဒ်မခွဲတို့ကို ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော် နာယကက အတည်ပြု ကြေညာခဲ့သည်။ 

အဆိုပါ ပုဒ်မ ၃၂(က)နှင့် ပုဒ်မ ၃၂ (ခ)တို့၏  မူလပြဌာန်းချက်တွင် ပါဝင်သည့် “အိုမင်းမစွမ်းသူများ” စာသားအား “သက်ကြီး ရွယ်အိုများ” ဟု ပြောင်းခြင်း၊ “မသန်မစွမ်း” စာသားအား “မသန်စွမ်း” ဟု ပြင်ဆင် ပြောင်းလဲခြင်းအပေါ် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး လွှတ်တော်က ပြင်ဆင်ရေးကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယနေ့ ဆန္ဒမဲ ပေးခဲ့ကြသည့် ပြင်ဆင်ချက် ၁၄ ချက်တို့အနက် အဆိုပါ ပြင်ဆင်ချက် နှစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး ကျန် ၁၂ ချက်တို့ ဖြစ်ကြသည့် ပုဒ်မ ၅၊ ပုဒ်မ ၆(ဃ)၊ ၆(စ)၊ ၇၊ ၈၊ ၁၄၊ ၁၇(ခ)၊ ၂၀(ဂ)၊ ၂၆(က)၊ ၃၂(က)၊ ၃၂(ခ)၊ ၃၉၊ ၄၀(ခ)၊ ၄၀(ဂ) တို့ကမူ ထောက်ခံ ဆန္ဒမဲ ရ၅ ရာခိုင်နှုန်း မကျော်သောကြောင့် မူလအတိုင်း ဖြစ်ကြောင်း လွှတ်တော် နာယကက ကြေညာခဲ့ သည်။ ပုဒ်မ ၄၃၆ (က) အောက်ရှိ ဆန္ဒမဲ လက်မှတ်(၂) နှင့် စပ်လျဉ်းပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

အဆိုပါ ဆန္ဒမဲ လက်မှတ် (၂) တွင် နိုင်ငံတော် သမ္မတ၏ အရည်အချင်း ဆိုင်ရာ ပုဒ်မ ၅၉ (ဂ)၊ (ဃ)၊ (စ) အပါအဝင် ပုဒ်မ ပုဒ်မခွဲပေါင်း ၁၅ ခု ပါဝင်ကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117