Connect with us

Politics, Law & Military

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများအနက် ၁၄ဦး ပြန်လည် ဖမ်းမိ

ဘားအံအကျဉ်းထောင်အား တွေ့ရစဉ်(ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၁၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သောသတင်းအရ သိရသည်။

ဘားအံမြို့တွင်းရှိ ထောင်ဗူးဝအနီး၊ မိစံကျေးရွာ၊ လှိုင်းဘွဲ-ဘားအံကားလမ်းဘေး မဲဘောင်ကျေးရွာ “ရွှေနှစ်သက်” လက်ဖက်ရည်ဆိုင်ရှေ့၊ နောင်ပလိုင်ကျေးရွာ၊ တောင်ကြော၊ ကော့လှိုက် ကျေးရွာ၊ တဝန်ဖန်ရ ကျေးရွာအနီး လယ်ကွင်းစသည့်နေရာများတွင် ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားအချို့ကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ ရေဘုတ်ဆည်အနီး၌ ကျော်မိန်လ(ခ) အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လပါ ၃ ဦးအား ဖမ်းဆီးရာ အဆိုပါ တရားခံသည် အသာတကြည် အဖမ်းမခံဘဲ ပြန်လည်ခုခံကာထွတ်ပြေးသွားကြောင်း၊ ယင်းအတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ဝဲပုခုံးတွင် ကျည်ထိ မှန် ဒဏ်ရာများရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသော လွတ်မြောက်အကျဉ်းသားများအား ပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၈နာရီ၄၅မိနစ်က အကျဉ်းထောင်ဝင်းအတွင်းရှိ ဝိဝေကာရီ ဓမ္မာရုံတောင် ဘက်စိုက်ခင်းမှ အမှိုက်များသိမ်းပြီး အကျဉ်းထောင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် 7N/×××× Mazda Titan ယာဉ်ပေါ်၌ အကျဉ်းသား ၂၀ ဦး တင်ဆောင်၍ လာခဲ့ကြောင်း၊ ယင်းနောက် ကျဉ်းသား တစ်ဦးသည် ယာဉ်မောင်းဝန်ထမ်းအား ယာဉ်ပေါ်မှ ဆွဲချထိုးကြိတ်ကာ ယာဉ်အားလုယူမောင်းနှင်ပြီး ထောင်အတွင်းရှိ ထောင်တံခါး ၄ ဆင့်အား တိုက်ဖွင့်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းအခင်းဖြစ်ပွားစဉ်အတွင်း နောက်ထပ် အကျဉ်းသား ၂၁ ဦးနှင့် အပြင်ဘုတ်မှ ၁ ဦးတို့ ထပ်မံထွက်ပြေးသွားခဲ့သဖြင့် စုစုပေါင်း အကျဉ်းသား ၄၂ ဦး(ထောင်ကျ ၃၀၊ အချုပ်သား ၁၂) လွတ်မြောက်သွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းသားများ တင်ဆောင်မောင်းနှင်သွားသော ယာဉ်မှာ လှိုင်းဘွဲ-ဘားအံကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးစဉ် လှိုင်းဘွဲမြို့နယ် ထီလုံနှင့် တပုထိုလမ်းဆုံ အနီး ဗွက်နစ်သွားသဖြင့် ယာဉ်အားထား၍ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117