Connect with us

Politics, Law & Military

မွန်ပြည်နယ် ဝန်ကြီးချုပ် နုတ်ထွက်မည် ဖြစ်ကြောင်း ၎င်းကိုယ်တိုင် အသိပေး ကြေညာ

မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦးအား တွေ့ ရစဉ်(ဓာတ်ပုံ- Min Min Oo-The 88 Generation Peace and Open Society)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“အဲဒါ အမှန်ပါ။ကျွန်တော် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်လို့သဘောထားပေးပါ။ထွက်ခွင့် ကျပြီးရင် ရှင်းပေးပါမယ်။ရုံးဖွင့်တဲ့ ရက်ကြရင် ဖေဖော်ဝါရီ ၂၀ ရက် တနင်္လာနေ့ကျရင် နှုတ်ထွက်ခွင့် တင်ပြသွားမှာပါ။အကြောင်းရင်း အနေနဲ့ကတော့ အားလုံး တိုက်ဆိုင်သွားတဲ့ သဘောပါ။အခု လုပ်သင့်တဲ့ အချိန် ရောက်ပြီဆိုပြီး လုပ်လိုက်တာပါ။လက်ရှိကတော့ ကျွန်တော် အေးအေးချမ်းချမ်းပဲ နေချင်နေပါပြီ။”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်သူ ဦးမင်းမင်းဦးက ပြောကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်မည် ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ယနေ့ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် အသိပေး ရေးသား ဖော်ပြခဲ့သည်။ “နှုတ်ထွက်ပါပြီ။အားလုံးကို ကျေးဇူးတင်ပါတယ်။ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ ရာ ဓမ္မတာပါဘဲ။”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်သူ ဦးမင်းမင်းဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ထိုကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ် အသစ် ထပ်မံ ရွှေးချယ်ရန် လုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂ မှ အနိုင်ရရှိခဲ့သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသူလည်း ဖြစ်ကြောင်း ၁၉၇၀ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၄၇ နှစ် ရှိပြီဖြစ်ကာ အီလက်ထရောနစ် အင်ဂျင်နီယာ ဘွဲ့ရ တစ်ဦး ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်း နှင့် စားသောက်ကုန် လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117