Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ သိန်းကိုးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

မောင်တော မြို့ နယ်၌ ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ် ဆေးပြားများကို တွေ့ ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် သတင်းအရ ပူးပေါင်း အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ရာ ဒေသကာလပေါက်ဈေး ငွေကျပ် ၉,ဝ၉၃.၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ဗဟို ကော်မတီ၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ဖြစ်စဉ်မှာ လသာကျေးရွာနေ ဆွေယော့ဒူဆောင်း၏ နေအိမ်အား ပူးပေါင်း အဖွဲ့က ဝင်ရောက် ရှာဖွေရာ မီးဖိုဆောင်အတွင်း ထင်းပုံအောက် မြေကြီး ထဲမှ ပလပ်စတစ်အိတ်ဖြင့်ထုပ်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၈၁၇၀ ပြားနှင့် အဆိုပါ နေအိမ်၏ အရှေ့ဘက်ရှိ ၎င်း၏ ညီမဖြစ်သူ မမီနာယာ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း မြေကြီးထဲမှ ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၄၄၆,၅၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၆၇ဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉ဝ၉၃.၄ သိန်း)တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေး ပေါ်ပေါက်ချက်အရ ပစ္စည်းပိုင်ရှင် ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင် နှင့် ၎င်း၏ညီဖြစ်သူ ဖွေယော့ဇူ အီစ္စလာမ် တို့အား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မောင်တောမြို့ ၊ အမှတ်(၅) ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်၌ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင်အား ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ်မှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သဖြင့် မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ဖွေယော့ဇူအီစ္စလာမ် အား ဖမ်းဆီး ရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117