Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အတွက် မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး အတွက် မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ခရိုင်၊ မြို့နယ်အလိုက် လှည့်ကင်း များဆောင်ရွက်ခြင်း၊ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အင်အားပြည့်ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့နှင့်နယ်မြေခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်သည့် ရပ်ရွာနေ ပြည်သူအခြေပြုရဲလုပ်ငန်းစနစ် (Community Based Policing) ကိုလည်း မြို့နယ်များအလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကို ခရိုင်ရဲတပ်ဖွဲ့မှူးများက လိုက်လံစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာနယ်မြေအတွင်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်မှုများနှင့် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေမှု များကို မြို့နယ်ရဲတပ်ဖွဲ့မှုများက အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117