Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပြတ်မည်

ရေပေးဝေမှု ယာယီဖြတ်တောက်မည့်ကြေညာချက်အားတွေ့ရစဉ်(စည်ပင်)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေလျက်ရှိသော ရေပိုက်များပြုပြင်မည်ဖြစ်သဖြင့် မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပေးဝေမှု ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသည့် ၅၆”Ǿ ဂျိုးဖြူပိုက်နှင့် ၄၂”Ǿ လှော်ကားပိုက်တို့အား ဆက်သွယ်ထားသည့် ၂၄”Ǿပိုက်မှ Butterfly Valve လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများ ဆောင်ရွက်စဉ် ဇူလိုင် ၃၀ ရက် နံက်(၁၀း၀၀)နာရီ မှ ည(၁၀း၀၀)နာရီအတွင်း အဆိုပါ မြို့နယ်ပေါင်း ၂၁မြို့နယ်ရှိ ရပ်ကွက်များတွင် ရေအားလျော့နည်းခြင်းနှင့် ခေတ္တရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေကြိုတင်စုဆောင်းနိုင်ကြရန် ရေရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့မှ ကြိုတင်အသိပေးကြေညာထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေပေးဝေမှု ခေတ္တဖြတ်တောက်မည့်မြို့နယ်များမှာ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ ကျောက်တံတား၊ သာကေတ မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117