Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံသို့လာရောက်၍ အဓိက ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့မေလ ၂၂ ရက်တွင် လာရောက်၍ နေပြည်တော်၌ မြန်မာနိုင်ငံ၏ အဓိက ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သား ဦးဆောင်သည့် အစိုးရ အပေါ် အမေရိကန် ပြည်ထောင်စု၏ ထောက်ခံမှုကို ပြသရန် ၊ ဒီမိုကရေစီ နှင့် စီးပွားရေး ပြောင်းလဲမှုများကို ထောက်ခံကြောင်း ပြသရန် ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျွန်ကယ်ရီ၏ ၅ နိုင်ငံ ခရီးစဉ်ကို မေလ ၁၄ ရက်တွင် စတင်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း မေလ ၁၅-၁၆ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ ၊ မေလ ၁၆-၁၇ ရက်တွင် သြစတြီးယားနိုင်ငံ ၊ မေလ ၁၈-၂၁ ရက်တွင် ဘယ်လ်ဂျီယမ် နိုင်ငံ ၊ မေလ ၂၂ ရက်တွင် မြန်မာနိုင်ငံနှင့် မေလ ၂၂-၂၅ ရက်တွင် ဗီယက်နမ် နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117