Connect with us

Politics, Law & Military

၂၀၁၆-၁၇ ပြည်ထောင်စု လိုငွေကို ကျပ်ဘီလျံ ၄၇၀ ကျော် လျှော့ချမည်

ပြည်ထောင်စုလွှတ်တော်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

၂၀၁၆-၁၇ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပြည်ထောင်စု လိုငွေများမှ ကျပ် ၄၇၈.၄၅၃ ဘီလျံခန့်ကို လျှော့ချသင့်သည်ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီက ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။

ပြည်ထောင်စု လိုငွေနှင့် GDP အချိုးသည် ၅ ရာခိုင်နှုန်းထက် ကျော်လွန်နေသောကြောင့် ယခုကဲ့သို့ လျှော့ချရခြင်း ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဇလွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက လွှတ်တော်သို့ရှင်းပြသည်။

“ဒီဥပဒေကြမ်းကို ပြည်ထောင်စု ဘဏ္ဍာ ရငွေ သုံးငွေများ စိစစ်ရေး ပူးပေါင်းအဖွဲ့(၁၇) ဖွဲ့က စိစစ်ပြီး ပြည်ထောင်စု လိုငွေကို ကျပ် ၄၇၈.၄၅၂၅ ဘီလျံ လျှော့ချဖို့တင်ပြလာပါတယ်။

လွှတ်တော်က အတည်ပြုပါက လိုငွေနဲ့GDP အချိုးဟာ ၄.၄၇ ရာခိုင်နှုန်းမှ ၃.၉ ရာခိုင်နှုန်းသို့ပြောင်းလဲ သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု၎င်းက ရှင်းပြသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု အရ အသုံးခန့်မှန်းခြေ ငွေ စာရင်း (ပြင်ဆင်ချက်) နှင့် ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလ လျာထားသည့် ပြည်ထောင်စု၏ လိုငွေမှာ ကျပ် ၃၇၅၇.၅၀၈ ရှိပြီး ယခု ၄၇၈.၄၅၂ ဘီလျံ လျှော့ချလိုက်လျှင် ကျပ် ၃၂၇၉.၀၅၅ ဘီလျံသို့ လျော့ကျသွားမည် ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ် အကြံပြုချက်တွင် ဖော်ပြ ပါရှိသည်။

ထို့အပြင် နိုင်ငံတော်အနေဖြင့် ကျန်းမာရေး၊ ပညာရေးတို့တွင် ဦးစားပေး တိုးတက် သုံးစွဲလျက်ရှိရာ အသုံးစရိတ်များကို မြေပြန့်၊ တောင်ပေါ် ဒေသ ခွဲခြားမှု မရှိဘဲ ဘတ်ဂျက်ကို တစ်ပြေးညီ ခွင့်ပြုခြင်းအစား ဒေသ အလိုက် ပကတိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုက်ညီသော အသုံးစရိတ်များ ဖြစ်စေရန် ပြုပြင် ပြောင်းလဲ ဆောင်ရွက်သင့်သည်ဟုလည်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့တင်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117