Connect with us

Politics, Law & Military

ဟိုတယ်ခရီး၏ ရက်၁၀၀ အတွင်းပြီးမြောက်မှုများ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ရက် (၁၀၀)ကာလအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံံ့ဖြိုးတိုး တက်ရေးသင်တန်းများတိုးမြှင့်ဖွင့်လှစ်ခြင်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း နှင့် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ခြင်း၊ ဥပဒေ ပြင်ဆင် ပြဌာန်း ရေး နှင့် ပုဂ္ဂလိကလုပ်ငန်းများအတွက် ဖြေလျှော့ခြင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကမီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရက် ၁၀၀ အတွင်း ဟိုတယ်သင်တန်းဌာန ၂ ခုကို ရန်ကုန်မြို့ နှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ ဟိုတယ် နှင့် ခရီးသွားဆိုင်ရာသင်တန်း စုစုပေါင်း ၁၆ ခု ဖွင့်လှစ်၍ ကျွမ်းကျင်သင်တန်းသား ၃၂၆၅ ဦး အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း ၁၁ကြိမ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်သင်တန်းများအား ၄ကြိမ်ဖွင့်လှစ်ခဲ့ကြောင်း၊ ဧည့်လမ်းညွှန်အခြေခံသင် တန်းအမှတ်စဉ် (၅၁) အားရက်၁၀၀ အတွင်းဖွင့်လှစ်နိုင်ခဲ့သလို ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117