Connect with us

Politics, Law & Military

မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLAနှင့် AAအဖွဲ့တို့ ဖြစ်ပွားနေသော တိုက်ပွဲများ အပြန်အလှန်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုနည်းဖြင့် အကောင်အထည်ဖော်မည်ဟု ထုတ်ပြန်

မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLAနှင့် AAအဖွဲ့ ထုတ်ပြန်ချက်

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော်နှင့် MNDAA၊ TNLAနှင့် AAအဖွဲ့တို့ ဖြစ်ပွားနေသော တိုက်ပွဲများ အပြန်အလှန်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုနည်းဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ကိုးကန့်အဖွဲ့(MNDAA)၊ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA/AA)တို့သည် မြန်မာ့ တပ်မတော်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အပြန်အလှန်ရပ်စဲပြီး တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသည့်နည်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် ဆန္ဒအပြည့်အ၀ ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည်ဟု ဆုံးဖြတ်ခဲ့ခြင်းကို ကြိုဆိုပြီး တက်ရောက်နိုင်ရန်အဆင်သင့်ရှိကြောင်း ၊အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအတူတကွ လုပ်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မိမိတို့အနေဖြင့် ပူးပေါင်းပါဝင်ရန် အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.