Connect with us

Politics, Law & Military

အစိုးရသစ် ဖော်ဆောင်မည့် ငြိမ်းချမ်းရေး ညီလာခံများ၌ ပိုမို ကောင်းမွန်သော ဆွေးနွေးမှု၊ သဘောတူ ညီချက်နှင့် ရလဒ်ကောင်းများ မျှော်လင့်ဟု ဝန်ကြီး ဦးအောင်မင်းဆို

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အား ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့ အစုအဖွဲ့အလိုက် အစည်းအဝေး တွင် တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အစိုးရသစ် ဖော်ဆောင်မည့် ငြိမ်းချမ်းရေး ညီလာခံများ၌ ပိုမို ကောင်းမွန်သော ဆွေးနွေးမှု၊ သဘောတူ ညီချက်နှင့် ရလဒ် ကောင်းများ မျှော်လင့်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယနေ့ ကျင်းပသော ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့တွင် ပြောကြားသည်။

ပထမအကြိမ် ကျင်းပသည့် ငြိမ်းချမ်းရေး ညီလာခံ ငါးရက်အတွင်း ဆွေးနွေးမှုများကို စုစည်းပြီး ဆက်လက် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများကို သယ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီညီလာခံကြီးမှာ အင်အားစု အသီးသီး အနေနဲ့ မိမိတို့ရဲ့ လိုလားချက်များ၊ ဆန္ဒများ၊ သဘောထားများကို လွတ်လပ်စွာ ဆွေးနွေးခွင့် ရနေတာကပင်လျှင် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု မြင့်မားလာခြင်းရဲ့ သက်သေပဲဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

အဆိုပါ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ကဏ္ဍ အလိုက် ပြုစုထားသော ဆွေးနွေးချက်များ ဖြစ်သည့်(က) နိုင်ငံရေး – ဖက်ဒရယ် စနစ်တွင် အခြေခံသင့်သည့် မူများ (ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဆိုင်ရာ ကိစ္စရပ်များ) (ခ) လူမှုရေး – ပြန်လည် နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များအတွင်း ပြည်တွင်း နေရပ် စွန့်ခွာ တိမ်းရှောင်သူများ (IDPs) ကိစ္စရပ်များ (ဂ) စီးပွားရေး – အခွန် ကောက်ယူခြင်းနှင့် ပြန်လည် ခွဲဝေခြင်း (Tax and Revenue Sharing) (ဃ) လုံခြုံရေး – နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ အခြေခံသင့်သည့်မူများ(င) မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ – သဘာဝ သယံဇာတ ဆိုင်ရာ စီမံ ခန့်ခွြဲခင်းနှင့် ခွဲဝေခြင်း ဆိုင်ရာ ကိစ္စရပ်များကို ကိုယ်စားလှယ် ၁၅ ဦးမှ ဖတ်ကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့် ကဏ္ဍ (၅) ခုနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးမှ တင်ပြထားသော ဆေးွနွေးချက် စုစည်းမှု မှတ်တမ်းများကို နိုင်ငံတော် သမ္မတထံ ပေးအပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.