Connect with us

Politics, Law & Military

ပြည်ထောင်စု အစိုးရဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁၈ ဦးသာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်း အဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသော နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ဝန်ကြီးဌာန ၂၁ ဌာနနှင့် ပြည်ထောင်စု ဝန်ကြီး ၁ ၈ဦးသာ အစိုးရသစ်တွင် ထားရှိရန် ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်ပြလာသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့သာ ထားရှိမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

ဒုတိယ အကြိမ် ပြည်ထောင်းစု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ တင်ပြချက်အရ ယခင်ဝန်ကြီးဌာန ၃၆ ခုရှိရာ ယခု ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိမည် ဖြစ်သည်။

အဆိုပါ ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက်နှင့် အမည်စာရင်းကို မတ်လ ၁၈ ရက်နေ့တွင် စတင် ဆွေးနွေးမည် ဖြစ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ညနေ၌ ပြည်ထောင်စု လွှတ်တော်သို့ စာရင်းပေးသွင်းရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117