Connect with us

Politics, Law & Military

ပြည်ပလေကြောင်းလိုင်းများ ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ပျံသန်းနိုင်ရေး စောင့်ကြည့်အနေအထားသာရှိဟုဆို

ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ /အိမွန်ကျော်

COVID-19 ရောဂါကြောင့် ရပ်နားထားသော နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည်ပျံသန်းနိုင်ရေးသည် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသော်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြန်လည်ပျံသန်းနိုင်ရေးသည် စောင့်ကြည့်အနေအထားသာ ရှိနေသေးကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးနေဝင်းက ယနေ့(ဒီဇင်ဘာ ၃၀ ရက်)၌ ဆင်ဟွာသို့ ပြောကြားသည်။

” ပျံသန်းဖို့ မပျံသန်းဖို့ ကျွန်တော်တို့လည်း စောင့်ကြည်နေတုံးပါ၊ ပျံသန်းနိုင်တဲ့နေ့ အသိပေးပါမယ်” ဟု ၎င်းကဆိုသည်။ပြည်ပလေကြောင်းလိုင်းခရီးစဉ်များပြန်လည် ပြေးဆွဲနိုင်ရန် သတ်ဆိုင်ရာလေကြောင်းလိုင်းများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးများ ပြင်ဆင်ထားမှုအပြင် တစ်ဖက် နိုင်ငံများ၏ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ခွင့်ပြုမိန့်များ စသည့် လိုအပ်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်သလို မလွယ်ကူကြောင်း မြန်မာအမျိုးသားလေကြောင်း(Myanmar National Airlines)မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

” ခုလောလောဆယ်တော့ ပြည်တွင်းခရီးစဉ်တွေရယ် Yangon – Singapore – Yangon ၊ Normal Relief Flight နှင့် Special Relief Flight တွေအပတ်စဉ် ပျံသန်းပေးနေတယ်၊ ပြည်ပခရီးသည်တင်လေကြောင်းလိုင်းနဲ့ ပတ်သတ်ပြီးတော့ ဘာမှတော့ မသိရသေးပါဘူး” ဟု ၎င်းဆိုသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များအား ဒီဇင်ဘာလ (၁၆) ရက်က စတင်ပျံသန်းပြေးဆွဲနေပြီး ခရီးသည်များအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရမည့် အချက် (၉) ချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။(Xinhua)