Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ ယာယီ စောင့်ရှောက်ထားသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား ထပ်မံ လွှဲပြောင်းပေးခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြုပြီးသည့် လှေစီး ဒုက္ခသည်များ နေရပ် ပြန်ရန် ပြင်ဆင်နေပုံ (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများအနက် အတည်ပြု ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၅၅) ဦးကို ယမန်နေ့ဇူလိုင်လ ၂၂ ရက်က ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသူများကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက်မှ နိုင်ငံသား စိစစ်မှုများ ဆက်လက် စိစစ် အတည်ပြုမှုများ ပြုလုပ်လျက် ရှိကြောင်း ဆောင်ရွက် ပြီးစီးပါက မူလနေရင်း နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

တပ်မတော်(ရေ) က မေလ ၂၁ ရက်နှင့် ၂၉ ရက်များတွင် ကယ်ဆယ်ထားသည့် လှေစီး သွားလာသူများ အနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ထပ်မံ အတည်ပြုပြီး သူ (၁၅၅) ဦးကို တောင်ပြို (လက်ဝဲ) မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ကျင်းပ ပြီးနောက် လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင် ဦးဆောင်သောအဖွဲ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ထပ်မံ အတည်ပြုပြီး သူများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး MM AnisurRAhman နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ကောင်စစ် ဝန် (၂) ဦးရှေ့မှောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၇) တပ်ရင်းမှူး ဦးဆောင်သည့် အဖွဲ့ထံ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့ ရေပိုင်နက်အတွင်း ကယ်ဆယ်ခဲ့သည့် လှေစီးသွားလာသူများကို မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ချက်အရ ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၈၇ ဦး ကို လွဲပြောင်းပေးခဲ့ပြီး ယခုထပ်မံ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၅ ဦးကို ဇူလိုင်လ ၂၂ ရက်တွင် လွဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117