Connect with us

Politics, Law & Military

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို သုံးမျိုးခွဲပြီး ဆောင်ရွက်လိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

NCA သဘောတူညီချက်၏ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် အဆင့် သုံးဆင့် ခွဲပြီး ဆောင်ရွက်သွားလိုသည်ဟု နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ညနေပိုင်း ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကျွန်မတို့ဟာ စမ်းသပ်တဲ့ အနေနဲ့ အမြန်ဆုံး အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ သုံးခုလောက် လုပ်ချင်ပါတယ်။ ဘာတွေလဲဆိုတော့ ဒေသကို အခြေခံတာ တစ်မျိုး၊ အမျိုးသားကို အခြေခံတာ တစ်မျိုး၊ ရိုးရာကို အခြေခံတာ တစ်မျိုး ၊ ဒီသုံးမျိုးကို ကျွန်မတို့လုပ်မယ်၊ စမ်းသပ်တဲ့အနေနဲ့လုပ်တဲ့အတွက် နိုဝင်ဘာ အတွင်းမှာ ဖြစ်နိုင်အောင် လုပ်ချင်ပါတယ်၊ ဒီဆွေးနွေးပွဲတွေ ဖြစ်ပြီးတော့မှ ကျွန်မတို့ဘယ်လို အားနည်းချက် တွေ ရှိလဲ၊ အောင်မြင်အောင်လို့ဘယ်လို လုပ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်မှာပါ” ဟု သူမက ပြောခဲ့သည်။

“တစ်ချိန်တည်းမှာပဲ တစ်တိုင်းပြည်လုံးမှာ အားလုံး လုပ်ဖို့ဆိုတာကတော့ လက်တွေ့လည်း မကျပါဘူး၊ အမှန်ပြောရလို့ရှိရင် ဒီဟာအတွက် အဆင်သင့် မဖြစ်သေးပါဘူးလို့ကျွန်မ မြင်ပါတယ်။ ဒီလို စမ်းသပ်ပွဲလေးတွေ လုပ်ပြီးတော့မှ အဲဒီကနေတစ်ဆင့် ထပ်ပြီးသွားဖို့ကြိုးစားစေချင်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ တခြားနိုင်ငံတွေ တခြား ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လုပ်တဲ့ အတွေ့အကြုံတွေကို လေ့လာပြီး တော့ တခါတလေ စခန်းသွင်းတဲ့ ပုံစံမျိုးနဲ့ တွေ့သင့်တွေ့ထိုက်တဲ့သူတွေ စကား ပြောသင့် ပြောထိုက်တဲ့ သူတွေနဲ့ တပတ်နှစ်ပတ် တစ်နေရာတည်းမှာ အချိန်ပြည့်နေပြီးတော့ ဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ စမ်းသပ်ဖို့ လိုတယ်။ ဒီလိုတွေ့ပြီး ဆွေးနွေးတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး တတ်နိုင်သလောက် ပုဂ္ဂိုလ်ရေး ခင်မင်မှုလည်း ရလာတယ်။ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ပြောလို့မရတဲ့ အခါ လုပ်လို့ မရတဲ့ ကိစ္စတွေကို ထမင်းစားရင်းနဲ့ ခြံထဲမှာ လမ်းလျှောက်ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ယူနိုင်တဲ့နည်းနဲ့လည်း လုပ်လို့ရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အဲဒါတွေနဲ့ ပတ်သက်လို့ အခုရောက်နေတဲ့ ကိုယ်စားလှယ် တွေကလည်း ငြင်းနိုင်မယ် မထင်ပါဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့သည်။

ထို့အပြင် “ငြိမ်းချမ်းရေး ရဖို့က တစ်လမ်းတည်း ရှိပါတယ်၊ ပဋိပက္ခ ရပ်စဲရေးပါပဲ၊ ပဋိပက္ခ ရပ်စဲအောင် လို့အားလုံးက ဝိုင်းပြီး ကြိုးပမ်းစေချင်ပါတယ်၊ အဲဒါအတွက် အချိန်ဆွဲနေလို့မရပါဘူး၊ ကျွန်မတို့ အချိန်ပေးချင်ပါတယ်၊ လုပ်သင့် လုပ်ထိုက်တာတွေ မပြီးသေးလို့အချိန်ပေးရတာနဲ့အချိန်ဆွဲတာနဲ့က မတူပါဘူး၊ ဆုံးဖြတ်ချက် တစ်ခု မချချင်လို့အချိန်ယူတာဟာ အချိန်ဆွဲတာပဲ၊ ကျွန်မတို့နိုင်ငံမှာ အချိန်ဆွဲလို့မရပါဘူး” ဟုလည်း သူမက ပြောခဲ့သည်။

UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားအပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဖဒို စောကွယ်ထူးဝင်း နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေတို့ကလည်း နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်မှု ဆောင်ရွက်ချက်များအား UPDJC အတွင်းရေးမှူး အဖွဲ့က ရှင်းလင်း တင်ပြခြင်း၊ နိုင်ငံရေး ဆွေးနွေးမှု ပုံစံကို ဆွေးနွေး အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ငန်း လမ်းညွှန် (ToR)ကို ဆွေးနွေး အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကြီးကြပ်မှု ကော်မတီ ၉ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော် ကောင်စီနယ်မြေ) လုပ်ငန်း လမ်းညွှန် (ToR) ကို ဆွေးနွေး အတည်ပြုခြင်း၊ UPDJC ရုံးအဖွဲ့ဖွဲ့စည်းပုံ ဆိုင်ရာ မူဝါဒအား အတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး အတည်ပြုခြင်း များကို ဆက်လက် ဆောင်ရွက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိဂုံးချုပ် စကား ပြောကြားပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.