Connect with us

Politics, Law & Military

မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ အရေးပါ ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ပြောကြား

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး မီဒီယာများနှင့်တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၄ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့မေလ ၂၄ ရက်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး မကျင်းပမီ သတင်းမီဒီယာ များအား တွေ့ဆုံစဉ်ထည့်သွင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက နိုင်ငံတကာမှာလဲ အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။ အလားတူ အာဆီယံမှာလဲ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိသလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍ ရှိပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံရဲ့မူဝါဒ ၊ နှစ်နိုင်ငံ ကြားမှာ ရှိတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု မူ ၅ ရပ်နဲ့ အညီ ဒါတွေ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ယနေ့တစ်ကမ္ဘာလုံးတွင်လည်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ၊ အထူးသဖြင့် အာဆီယံတွင်လည်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့အိမ်နီးချင်း ဖြစ်သည့် တရုတ်နိုင်ငံသည် မဟာဗျုဟာ မိတ်ဘက် နိုင်ငံဖြစ်သည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် ပို၍ အရေးကြီးကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် နယ်နိမိတ် ထိစပ်နေသည့် နိုင်ငံများ ဖြစ်ပြီး မဟာဗျူဟာ မိတ်ဘက် ပူးပေါင်းသည့် အဆင့် ရောက်ရှိနေကြောင်း ၊ တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအား မြန်မာနိုင်ငံက ထောက်ခံပြီး ပါဝင်ရန် ဆွေးနွေးနေခြင်းများ ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်း အားတွေ့ရစဉ် (ဆင်ဟွာ)

ထို့အတူ တရုတ်-မြန်မာ နယ်စပ် တစ်လျှောက် ဖြစ်ပွားနေသည့် ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်၍ အိမ်နီးချင်း နိုင်ငံ၏ ပံ့ပိုး ကူညီမှုသည် များစွာ အရေးကြီးကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှ ကိုယ်စားလှယ်များသည် မေလ ၂၃ ရက်တွင် နေပြည်တော်သို့ရောက်ရှိလာခဲ့ပြီး ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်း H.E. Mr. Sun Guoxiang နှင့်လည်း သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က တရုတ်နိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် ကြိုးပမ်း ဆောင်ရွက်ပေးမှု အပေါ် ကျေးဇူးတင်ရှိပြီး ယခု အကြိမ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ဖိတ်ကြားခြင်း ခံရသည့် အတွက် လွန်စွာ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်း H.E. Mr. Sun Guoxiang က တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အပေါ် အမြဲတမ်း ဂရုစိုက်ထားကြောင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်ခြင်းသည် လွန်စွာ အရေးပါကြောင်း ၊ မြန်မာနိုင်ငံ အစိုးရ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဘက်ပေါင်းစုံ နားလည် ခွင့်လွှတ်မှု နိုင်ငံရေး မူဝါဒ ကြေညာချက်ကို ပေါ်လွင်စေခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့သည့် ငြိမ်းချမ်းရေးနှစ် အတွက် အကြောင်းအရာများ ပိုမို ဖြည့်စွက် နိုင်စေခဲ့ကြောင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် တွေ့ဆုံခဲ့အပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

ထို့ပြင် အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းက တရုတ်နိုင်ငံဘက်မှ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ယင်းမှာ အဘက်ဘက်မှ ကြိုးပမ်း အားထုတ်မှု၏ ရလဒ် ဖြစ်ကြောင်း ၊ အစည်းအဝေး တစ်ကြိမ်ထဲဖြင့် ပြဿနာ အကုန်လုံးကို မဖြေရှင်းနိုင်ကြောင်း ၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ခိုင်မြဲစွာ တွန်းအားပေး ဆောင်ရွက်ပြီး အဆက်မပြတ် အောင်မြင်မှုများ ရရှိစေလိုကြောင်း အစည်းအဝေး တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို၍ ရလဒ်ကောင်းများ ရရှိလာစေရန် ဆုတောင်းပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မေလ ၂၄ ရက်မှ စတင်ကာ ၂၈ ရက် အထိ ငါးရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.