Connect with us

Science & Technology

ယာဉ်ရောင်းဝယ်ရေး စခန်းများအား တစုတစည်းတည်း ရောင်းဝယ်မှု ပြုလုပ်နိုင်မည့် နေရာ ချထားပေးရန် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တင်ပြထား

မော်တော်ယာဉ် ရောင်းဝယ်မှု ပြုလုပ်သည့် နေရာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း အနေဖြင့် ရန်ကုန်မြို့ရှိ ယာဉ်ရောင်းဝယ်ရေး စခန်းများအား တစုတစည်းတည်း ရောင်းဝယ်မှု ပြုလုပ်နိုင်မည့် နေရာချထားပေးရန် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တင်ပြထားကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ နိုင်ငံတော်မှ တရားဝင် ယာဉ်ရောင်းဝယ်ရေး စခန်း ၃ နေရာ ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ရောင်းဝယ်ရေး စခန်းများ ကွဲနေသည့် အတွက် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ၊ တပိုင်တနိုင် ရောင်းဝယ်သူများ အနေဖြင့်လည်း အခက်အခဲ တွေ့ရကြောင်း၊ ထို့ကြောင့် နေရာ တစ်စုတစည်းတည်း ဖြစ်စေရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။
လှိုင်နှင့် သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းများ၌ ယာဉ်အစီးရေ ၁,၄၀၀ ရှိကြောင်း၊ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းအနေဖြင့် တစုတစည်းတည်း ယာဉ်ရောင်းဝယ်ရေး စခန်း တည်ဆောက်ရန် ဒဂုန်တောင်ပိုင်း မြို့နယ်ရှိ မြေဧက ၉၀ ရှိသော မြေနေရာ၊ ခရေပင် လမ်းခွဲရှိ မြေဧက ၅၀၀ ရှိသော မြေနေရာ ၊ အမှတ် ၃ လမ်းမ နှင့် ပဲခူးလမ်းထောင့် ရန်ကုန် တိုးဂိတ်ဝင်သော နေရာတို့ ၌ နေရာ ချထားပေးရန် တင်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.