Connect with us

Environment, Disasters & Accidents

လွိုင်ကော်လေဆိပ်အနီး MNA ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုကြောင့် တစ်ဦးဒဏ်ရာရရှိ

လွိုင်ကော်လေဆိပ်အနီး သေနတ် ပစ်ခတ်ခံရသည့် MNA ခရီးသည်တင်လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်-နေပြည်တော်-လွိုင်ကော် ပြေးဆွဲပျံသန်းလျက်ရှိသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ခရီးသည်တင်လေယာဥ်အမှတ် XY-AML သည် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် ၈ နာရီ ၄၅ မိနစ်ခန့်၌ လွိုင်ကော်လေဆိပ်အနီး ပစ်ခတ်ခံရပြီး လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။” အဲဒီပစ်ခတ်မှုကြောင့် လေယာဉ်ဝမ်းဗိုက်ကနေ ပေါက်ပြီး ခရီးသည် တစ်ဦးရဲ့ နားကိုထိမှန်ခဲ့တယ် ၊ အဲဒီလူနာကို လွိုင်ကော်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်၊ အသေအပျောက်မရှိဘူး၊ လေယာဉ်လည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

အဆိုပါ ပစ်ခတ်ခံရသည့် လေယာဉ်ပေါ်၌ ခရီးသည် ၆၃ ဦးလိုက်ပါလာပြီး လွိုင်ကော်လေဆိပ်သို့ဆင်း သက်ရန်ပြုလုပ်ခဲ့စဉ်လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့အရောက်တွင် လက်နက် ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

လွိုင်ကော်လေဆိပ်အနီး သေနတ် ပစ်ခတ်ခံရသည့် MNA ခရီးသည်တင်လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့)

လွိုင်ကော်လေဆိပ်အနီး သေနတ် ပစ်ခတ်ခံရသည့် MNA ခရီးသည်တင်လေယာဉ် အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့)

ယင်းပစ်ခတ်မှုကြောင့် လေယာဥ်ဘယ်ဘက်ဝမ်းဗိုက်အားဖောက်၍ ကျည်ဝင်ရောက်ခဲ့မှုကြောင့် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

လေယာဉ်ပစ်ခတ်ခံရသည့် နေရာအနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)