Connect with us

Science & Technology

ရန်ကုန် မြို့ပတ်ရထား RBE နှင့် RBT ရထား တွဲဆိုင်းသစ်များ ထပ်မံ ပြေးဆွဲမည်

RBE ရထား တစ်စင်း အားမြင်တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့ မီးရထားသည် ရန်ကုန် မြို့ပတ် ရထားလမ်းပိုင်းများတွင် သြဂုတ်လ ၁၆ ရက်နေ့မှ စ၍ ရန်ကုန်မြို့ပတ် ခရီးစဉ် အမှတ် ဆ နှင့် ဂ တွဲဆိုင်းများတွင် RBE ရထား တွဲဆိုင်းသစ် နှစ်ဆိုင်း ဖြင့်လည်းကောင်း၊ မြို့ပတ် ခရီးစဉ် အမှတ် “မ’’ တွဲဆိုင်းတွင် RBT တွဲဆိုင်းဖြင့် လည်းကောင်း ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) မှ သတင်း ထုတ်ပြန်သည်။

လက်မှတ်ခ နှုန်းထားများမှာ RBE တွင် ကျပ် ၃၀၀ နှင့် ကျန်ရထားများတွင် ခရီးစဉ် ဘူတာအလိုက် ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၂၀၀ ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာ့ မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း၌ ပထမ တွဲဆိုင်းသစ်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် လည်းကောင်း၊ ဒုတိယ တွဲဆိုင်းသစ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် လည်းကောင်း၊ တတိယ တွဲဆိုင်းသစ်ကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထ တွဲဆိုင်းသစ်ကို ယခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် လည်းကောင်း၊ ပဉ္စမ တွဲဆိုင်းသစ်ကို ဇူလိုင်လ ၅ ရက်တွင် လည်းကောင်း စတင် ပြေးဆွဲခဲ့ပြီး ယခု တွဲဆိုင်းသစ်များသည် ဆဌမမြောက် ပြေးဆွဲခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117