Connect with us

Social

ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ဘေးဒုက္ခခံစားနေရသော ရခိုင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများ အား လူမှု ဝန်ထမ်း ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှုများအား ဇန်နဝါရီ ၁၁ ရက်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှု ဝန်ထမ်း ၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘေးဒုက္ခ ခံစားနေရသော တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသားများ ၊ ဒေသခံပြည်သူများ စုစုပေါင်း လူဦးရေ ၄၄၇၀ အတွက် ဆန်ရိက္ခာ ၁ လစာ ငွေကျပ် (လေးရာ့ နှစ်သိန်းသုံးသောင်း) ၊ အိမ်ထောင်စု (၉၇၀) စုအတွက် မြက်ဖျာနှင့်စောင် တန်ဘိုးငွေကျပ် (ကိုးဆယ့် ကိုးသိန်းကိုးသောင်းတစ်ထောင်) ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အစည်းအဝေး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုက်ပွဲရှောင် မိသားစုများ ၊ ကိုယ်စားလှယ်များက လက်ခံ ရယူခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး တိုက်ပွဲ ရှောင် ဒေသခံပြည်သူများအတွက် အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းလျက်ရှိကြောင်း၊ စနစ်တကျ ပြန်လည် နေရာချထားခြင်းမပြုနိုင်သေးမီ လိုအပ်ချက်များစွာ ရှိသည်ကို နားလည်သိရှိကြောင်း၊ ရိက္ခာများ၊ ငွေကြေးနှင့် အတူ ထောက်ပံ့ပစ္စည်းများကို တိုက်ပွဲရှောင် ရခိုင်တိုင်းရင်းသား များနှင့် ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ဆက်လက် ဖြန့်ဖြူးပေးသွားမည ်ဖြစ်ကြောင်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော် ၊ ရသေ့တောင်မြို့နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများသို့စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများအတွက် ငွေကျပ် (နှစ်ရာခုနစ်ဆယ့်တစ်သိန်းကိုးသောင်းကိုးထောင့် ငါးဆယ်) ကို ကနဦး ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ရာ ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (ခုနှစ်ရာခုနစ်ဆယ့် လေးသိန်းနှစ်သောင်းငါးဆယ်) တိတိ ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117