Connect with us

Social

ရွှေတိဂုံစေတီတော်၏ပုံကို လူသုံးကုန်ပစ္စည်းများပေါ်၌ ထည့်သွင်းသုံးစွဲခြင်းအား တည်ဆဲဥပဒေအရ အရေးယူမည်

ရွှေတိဂုံစေတီတော်ကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီး စေတီတစ်ဆူဖြစ်သော ရွှေတိဂုံစေတီတော်၏ ပုံကို လူသုံးကုန်ပစ္စည်းများပေါ်၌ ထည့်သွင်းသုံးစွဲခြင်းအား တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က တရားဝင် ထုတ်ပြန်လိုက်သည်။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့စည်းမျဉ်း အခန်း(၁၂)၊ အပိုဒ် (၅၉)အရ အများပြည်သူသိစေရန်အဖြစ် ရွှေတိဂုံစေတီတော်၏ ပုံအား တိုက်ရိုက်ဖြစ်စေ၊ ထင်ယောင်ထင်မှား၊ ဆင်တူရိုးမားဖြစ်စေ ပြုလုပ် သုံးစွဲခြင်း၊ လူသုံးကုန်နှင့် အစားအသောက်၊ ကုန်ပစ္စည်းများပေါ်တွင် ကြော်ငြာခြင်းများအား တားမြစ်လိုက်ပြီး အဆိုပါ တားမြစ်မှုကို မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ အင်္ကျ ီတွေမှာ ဘုရားပုံစတေကာတွေ ရိုက်လာတယ်၊ အဲဒါမျိုးလဲ လက်မခံပါဘူး၊ သောက်ရေခွက်တွေ အခြား ဘယ်ကုန်ပစ္စည်းပေါ်မှ စေတီတော်ကြီးပုံ ရိုက်နှိပ်ခွင့်မပေးပါဘူး”ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.