Connect with us

Social

ပျဉ်းမနား-နေပြည်တော်-မန္တလေး အမြန်ရထားတွဲဆိုင်းဖြင့် အစုန်/အဆန်ခရီးစဉ် စတင်ပြေးဆွဲ

ပျဉ်းမနား-နေပြည်တော်-မန္တလေး အမြန်ရထားတွဲဆိုင်းဖြင့် အစုန်/အဆန်ခရီးစဉ် စတင်ပြေးဆွဲစဉ် (ဓာတ်ပုံ-- ကြေးမုံ)

နေပြည်တော်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ပျဉ်းမနား-နေပြည်တော်-မန္တလေး အမြန်ရထားတွဲဆိုင်းဖြင့် အစုန်/အဆန်ခရီးစဉ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရသိရသည်။

ပျဉ်းမနား-နေပြည်တော်-မန္တလေး အမြန်ရထားတွဲဆိုင်း ဖြင့် အစုန်/အဆန်ခရီးစဉ်ကို ယနေ့တွင် စတင်ပြေးဆွဲပေးရာ အဆန်ရထား ဖြစ်သော ပျဉ်းမနား-မန္တလေးပြေးဆွဲသည့် အမြန်ရထားတွဲဆိုင်းအား ပျဉ်းမနား ဘူတာမှ ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီတွင် စတင်ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမြန်ရထားတွဲဆိုင်း၌ ရိုးရိုးတန်း ခြောက်တွဲ၊ အထက်တန်းထိုင်ခုံ နှစ်တွဲနှင့် ဘရိတ်တွဲ တစ်တွဲတို့ ပါဝင်ကြောင်း၊ ခရီးသည် ၅၀၀ ခန့်လိုက်ပါစီးနင်း နိုင်ပြီး ရထားလက်မှတ်ခနှုန်းထားအား ရိုးရိုးတန်းထိုင်ခုံလက်မှတ် ငွေကျပ် ၁,၉၅၀ နှင့် အထက်တန်းထိုင်ခုံလက်မှတ်ငွေကျပ် ၃,၉၀၀ သတ်မှတ်ထားကြောင်း သိရသည်။လက်ရှိတွင် ပျဉ်းမနားဘူတာမှ ယနေ့ပြေးဆွဲသည့် အမြန်ရထားတွဲဆိုင်း အပါအဝင် ပျဉ်းမနားဘူတာမှ     ထွက်ခွာပြေးဆွဲသော    အခြားရထားခရီးစဉ် ရှိကြောင်း သိရပြီး ပျဉ်းမနား-တောင်တွင်းကြီး အမြန်ရထားတွဲဆိုင်းအား ပြေးဆွဲ ပေးလျက်ရှိကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။   (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117