Connect with us

Social

(၄) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ကျင်းပ

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကျင်းပခဲ့သည်ကိုတွေ့ရစဉ် (ဓာတ်ပုံ-မြန်မာ့အလင်း)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

(၄) ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မာရသွန်ပြိုင်ပွဲကို မြန်မာ၊ တရုတ် နှစ်နိုင်ငံ အပြင် အခြား နိုင်ငံစုံမှ ပြိုင်ပွဲဝင် စုစုပေါင်း ၇,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲအား တရုတ်နိုင်ငံ ရွှေလီမြို့ နော်မောဟုပန်းခြံမှ စတင် တာလွှတ်ခဲ့ကာ မြန်မာနိုင်ငံ မူဆယ်မြို့ထဲသို့ ဝင်ရောက်ကြပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)မှ တစ်ဆင့် ရွှေလီမြို့ပြန်ထွက်ခွာ၍ နော်မောဟုပန်းခြံတွင် ပြန်လည် ပန်းဝင်ခဲ့ကြောင်းသိရသည်။ 

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို တရုတ်နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်နှင့် ယူနန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်၊ ရွှေလီမြို့နှင့် မူဆယ်မြို့တို့မှ တာဝန် ရှိသူများက ပူးပေါင်းပါဝင် ကူညီပံ့ပိုးပေးထား ကြောင်းသိရသည်။

ပြိုင်ပွဲ အမျိုးအစားများအနေဖြင့် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲဟု နှစ်မျိုးခွဲထားသည့်အပြင် တာဝေး(၄၂ ဒသမ ၂ ကီလိုမီတာ)၊ တာလတ်(၂၁ ဒသမ ၁ ကီလိုမီတာ)၊ တာတို(၅ ကီလိုမီတာ)နှင့် အပျော်တမ်း(၂ ကီလိုမီတာ)ဟူ၍ ၄ မျိုး ပါဝင်ကြောင်း တာဝေး (ပထမ)ဆုကို တရုတ်ယွမ်ငွေ ၂၀,၀၀၀ နှင့် တာလတ်(ပထမ)ဆုကို တရုတ်ယွမ် ၈,၀၀၀ ချီးမြှင့်ခဲ့ပြီး အခြားဆုများအဖြစ် တာတိုဆု၊ အပျော်တမ်းဆုနှင့် ပေါက်ဖော်ဆုများလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ယင်းမာရသွန်ပြိုင်ပွဲကို နှစ်နိုင်ငံရှိ ပြည်သူများ အားကစားကဏ္ဍအပေါ် စိတ်ဝင်စားမှုများ ပိုမို တိုးတက်စေရန်၊ မြန်မာ-တရုတ် ရိုးရာ ဓလေ့ ထုံးစံများနှင့် ပိုမိုရင်းနှီးလာစေရန်၊ မြန်မာ- တရုတ် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင် ရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးခင်မင်မှု တိုးလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခု  ပြိုင်ပွဲသည် (၄)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၂၀၁၉ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာ၊ တရုတ်၊ ကင်ညာ၊ ဂျာမနီ နှင့် အခြား နိုင်ငံပေါင်း ၃၃ နိုင်ငံတို့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.