Connect with us

Social

ပြည်ပရောက် မြန်မာအလုပ်သမားများ အိမ်ရာ စုဆောင်းငွေများ လစဉ် စုဆောင်း နိုင်စေရန် ပြည်ပ ဘဏ်များ နှင့် ချိတ်ဆက် ဆောင်ရွက်နေ

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ပြည်ပရောက် မြန်မာ အလုပ်သမားများ ပြည်တွင်းရှိ ဝန်ထမ်း အလုပ်သမားများ နည်းတူ အိမ်ရာ စုဆောင်း ငွေများ လစဉ်စုဆောင်း နိုင်စေရန် နှင့် အိမ်ရာဝယ်ယူရန် အရစ်ကျ စနစ်ဖြင့် ပေးချေနိုင်မည့် အိမ်ရာချေးငွေ Housing Mortgage Loan ရယူနိုင်ရန် ပြည်ပ ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက် နေကြောင်း ဆောက်လုပ် ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် နာယက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံတော်အနေဖြင့် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း (MCEA)တို့နှင့် ပူးပေါင်း၍ အငြိမ်းစားဝန်ထမ်းများအတွက် အရောင်း အိမ်ရာနှင့် အငှားအိမ်ရာများ တည် ဆောက်ရေးကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ မတည်ရင်းနှီးငွေကို တိုးမြှင့်ထည့်ဝင်သွားမည်ဖြစ်ပြီး တစ်ဖက် ကလည်း ပြည်တွင်း၊ ပြည်ပရှိ ငွေရေး ကြေးရေး အဖွဲ့အစည်းများနှင့် ဘဏ်များ Two-Step Loan တိုးမြှင့်ရရှိရေး ကိုလည်း ညှိနှိုင်းဆောင် ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်တွင် လိုအပ် နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများထဲမှ နေရေးလိုအပ်ချက် အိမ်ရာကဏ္ဍသည် အရေး ကြီးသော ကဏ္ဍတစ်ရပ် ဖြစ်လာပြီး အစိုးရ၏ မူဝါဒရေးရာမှာလည်း ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍ တစ်ခုအဖြစ် မူဝါဒ ချမှတ်ထားကြောင်း သိရသည်။

အိမ်ရာကဏ္ဍမှာ မူလရည်ရွယ်ချက် အတိုင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ် နှစ်ခုတို့တွင် ဘဏ်ခွဲပေါင်း ၁၁ ခု ဖွင့်လှစ် နိုင်ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်လည်း တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.