Connect with us

Social

ရန်ကုန်မြို့ အဝေးပြေးဂိတ်များ၌ ပါဆယ်ပို့သူများအဆင်ပြေစေရန် ယာဉ်လိုင်း တစ်ချို့ပြေးဆွဲပေးလျက်ရှိ

အဝေးပြေးကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ အဝေးပြေးဂိတ်များ၌ ပါဆယ်ပို့သူများအဆင်ပြေစေရန် ယာဉ်လိုင်း တစ်ချို့ ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ ၃ ရက်တွင်ပြောသည်။

“ယာဉ်လိုင်းတွေကို ပိတ်ပါလို့မညွှန်ကြားလို့ မပိတ်ဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရယ်၊ ပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့လမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုယ့်ဟာကိုယ် က်ညီမှ ခရီးသွားလို့ရမှာမို့ ခရီးသွားသူမရှိတော့ အဝေးပြေးယာဉ်လိုင်းတွေလည်း ရပ်ထားရတာဖြစ်ပါတယ်။ ဒါပေမယ့် အနယ်နယ်အရပ်ရပ်ကိုပို့တဲ့ပါဆယ်တွေ ကတော့ ရှိနေတော့ ပြည်သူတွေအဆင်ပြေဖို့ အတွက် ကျွန်တော်တို့က ပါဆယ် တွေအတွက် အနယ်အရပ်ရပ်ကို ယာဉ်လိုင်းတစ်ချို့ပြေးဆွဲပေးနေပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံဧရာအဝေးပြေးဝင်းနှင့် ဒလအဝေးပြေးဝင်း တို့တွင် ယာဉ်လိုင်းများပြေးဆွဲမှုအား ပိတ်သိမ်းခြင်းမရှိသော်လည်းခရီးသည်မရှိသောကြောင့် ရပ်နားထားရကြောင်း၊ တစ်ချို့ယာဉ်လိုင်းများမှာ ပါဆယ် ပို့ဆောင်ရန်အတွက်ပြေးဆွဲပေးလျက်ရှိပြီး တစ်ချို့ယာဉ်လိုင်းများမှာ ကုန်စည်များတင်ဆောင်ပြေးဆွဲပေးနေကြောင်း သိရသည်။အဝေးပြေးယာဉ်လိုင်းများ၌ ကျန်းမာရေးထောက်ခံချက်ပါရှိမှသာ ယာဉ်စီးနင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117