Connect with us

Social

သာကေတ ၊ ဒဂုံအရှေ့ ၊ ဒဂုံတောင် နှင့် ဒေါပုံမြို့နယ် လျှပ်စစ်မီး အချိန်ပိုင်း နှစ်ရက် ပြတ်တောက်မည်

မြန်မာနိုင်ငံအတွင်း ဓာတ်အား လိုင်းများ သွယ်တန်းထားသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သာကေတ ၊ ဒဂုံအရှေ့ ၊ ဒဂုံတောင် နှင့် ဒေါပုံမြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်း နှစ်ရက် ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်သည်။

မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ၊ ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းများ ဌာနမှ ရန်ကုန်တိုင်း ဒေသကြီးတွင် ဓာတ်အားပြည့်ဝစွာ ပို့လွှတ်နိုင်ရေး အတွက် ၂၃၀ ကေဗွီအေ သာကေတ-အရှေ့ဒဂုံ ဓာတ်အားလိုင်းအား ကြိုးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၆ နာရီမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၁၈ နာရီထိ ဓာတ်အားပိတ် လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် အထက်ပါ မြို့နယ် လေးမြို့နယ်တွင် လျှပ်စစ်မီး ယာယီ ပြတ်တောက်မည် ဖြစ်သည်။ (Xinhua)