Connect with us

Social

မန္တလေးတိုင်းဒေသကြီးတွင် Call Center တစ်ခုတည်ထောင်မည်

မန္တလေးကျုံးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိရယူနိုင် စေရန် Call Center တစ်ခုတည် ထောင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ Call Center ကို ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနက ဦးစီးညွှန်ကြား သွားမည်ဖြစ်ပြီး လိုအပ်သည့် လုပ်ငန်း ဆောင်ရွက်မှုများ အတွက် လူမှုရေးအသင်း အဖွဲ့များ၊ NGO ၊ INGO များ၊ အစိုးရဌာန များနှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ နောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးသက်လေပြင်း ကျရောက်မှုနှင့် မိုးသီး ကြွေကျမှု များကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း သစ်ပင်များ ပြိုလဲခြင်း၊ ဓာတ်တိုင်များ လဲကျခြင်း၊ ဓာတ်ကြိုးများ ပြတ်ကျခြင်း၊ မြို့နယ်တချို့ ၌ လူနေအိမ်များ ပျက်စီးခြင်း၊ ကျွဲ၊ နွား၊ ဆိတ်စသည့် အိမ်မွေး တိရ စ္ဆာန်များ သေဆုံးခြင်း နှင့် သီးနှံ စိုက်ခင်းများ ပျက်စီးခြင်း စသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် အတွက် Call Center တစ်ခု အမြန်ဆုံး တည်ထောင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.