Connect with us

Sport

ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဂုဏ်ပြု

ကမ္ဘာ့ချန်ပီယံဆု နှစ်ဆု ရယူနိုင်ခဲ့သည့် အောင်လအန်ဆန် အား ဂုဏ်ပြုစာလွှာအားတွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာစပါးအုံးမြွေ အောင်လအန်ဆန်းအနေဖြင့် ဘရာဇီးနိုင်ငံသား ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အလက်ဇန္ဒား မချာဒို(Alexandre Machado) အား ဖေဖော်ဝါရီလ ၂၃ ရက် သုဝဏ္ဏမိုးလုံ လေလုံအားကစားရုံ၌ ကျင်းပသော ဝမ်းချန်ပီယံရှစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပထမအချီ စတင်ချိန်၌ပင် ခြေကန်ချက် ၊ ထိုးနှက်ချက် တို့ဖြင့် ပြိုင်ဘက်အား အနိုင်ရရှိ ခဲ့ခြင်းအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဂုဏ်ပြုလွှာပေးခဲ့ကြောင်းသိရသည်။

မြန်မာအမျိုးသား ကချင်တိုင်းရင်းသား အောင်လ အန်ဆန်းသည် ၂၀၁၇ ခုနှစ် ၊ ဇွန်လ ၃၀ ရက်တွင် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို ရရှိခဲ့ပြီး ယခုအခါ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုအား ထပ်မံရရှိကာ နိုင်ငံဂုဏ်ကို ထပ်မံမြှင့်တင်နိုင်ခဲ့သည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည် ၊ မိသားစုများက ဂုဏ်ပြုပါကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.