Connect with us

Sport

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ကာယဗလအားကစားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များအား ပဏာမရွေးချယ်ခြင်းကို အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်မည်

၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှအားကစား သမားများ၏ ယှဉ်ပြိုင်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကာယဗလအားကစားပြိုင်ပွဲအတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း အွန်လိုင်းမှ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမင်းဇော်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောသည်။

“အရင်နှစ်တွေက ပဏာမလူရွေးချယ်ပွဲကို ကျွန်တော်တို့ ပွဲတွေလုပ်ပြီးကျင်းပတယ်။ အခုကတော့ COVID-19 ရောဂါအခြေအနေကြောင့် အွန်လိုင်း ကနေ ပဏာမ လူရွေးပွဲကိုကျင်းပရတာဖြစ်ပါတယ်။ အပြင်မှာပွဲလုပ်ရင် လူရာဂဏန်းအထက်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့က အခုလို အွန်လိုင်းကနေ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ကာယဗလအားကစားပြိုင်ပွဲအတွက် အမျိုးသားအတန်းလိုက် ကာယဗလပြိုင်ပွဲနှင့် အမျိုးသမီးကာယဗလပြိုင်ပွဲ၊ အမျိုးသားကြံ့ခိုင်မှုနှင့် အမျိုးသား အမျိုးသမီးအတွဲလိုက် ပြိုင်ပွဲများအတွက် လက်ရွေးစင်များ ရွေးချယ်ရာတွင် ပြည်ပပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများနှင့် အမျိုးသားအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်ရရှိခဲ့သူများအား လက်ရှိကိုယ်ခန္ဓာ အချိုးအစား၊ ကိုယ်အလေးချိန်၊ ကိုယ်ဟန်ပြသမှု၊ လက်ရှိလေ့ကျင့်နေမှုများကို သုံးသပ်ကြည့်ရှု၍ ပဏာမရွေးချယ်ခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရည်အချင်းကိုက်ညီပြီး ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသော အားကစား သမားများသည် တစ်ဦးချင်းပြိုင်ပွဲဝင်ဝတ်စုံဖြင့် သတ်မှတ်ကိုယ်ဟန် ခုနစ်မျိုးနှင့် စိတ်ကြိုက် တစ်မိနစ် ကိုယ်ဟန်ပြသမှုပုံစံများကို ဓာတ်ပုံဗီဒီယိုရိုက်ကူး၍ စီဒီဖြင့်ဖြစ်စေ၊ Memory Stick ဖြင့်ဖြစ်စေ မြို့တော်စည်ပင်အားကစားဝင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။

“ပဏမ ရွေးချယ်ပြီး ကျွန်တော်တို့ ဖိုင်နယ်ကို ထပ်ပြီးရွေးချယ်မှာပါ။ ပဏာမအနေနဲ့ ၂၂ ဦးရွေးချယ်ပြီး ဖိုင်နယ်အနေနဲ့ အားလုံးပေါင်း ၁၁ ယောက်ကျန်မှာပါ။ အဲဒီ ၁၁ ယောက်က သွားပြိုင်မှာပါ’’ ဟု ဦးမင်းဇော်ဦးက ဆက်ပြောသည်။
မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ ကာယဗလအားကစားပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117