Connect with us

Sport

မြန်မာ့ ရိုးရာ စွန်အလှ နှင့် စွန်ဖြတ် ပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပ

မြန်မာ့ ရိုးရာ စွန်အလှ နှင့် စွန်ဖြတ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-အား/ကာ (ရန်ကုန်))

ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရိုးရာ အားကစား အဖွဲ့ချုပ်မှ ကျင်းပသော ၂၀၁၈ ခုနှစ် ၊ (၁၄)ကြိမ်မြောက် မြန်မာ့ ရိုးရာ စွန်အလှ နှင့် စွန်ဖြတ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ဧပြီ ၁ ရက်တွင် ရန်ကုန်မြို ့ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြင်းစီး အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီး ဌာနထံမှ သိရသည်။

ပြိုင်ပွဲတွင် တစ်ဦးချင်း စွန်ဖြတ် ပြိုင်ပွဲ နှင့် အသင်းလိုက် စွန်ဖြတ် ပြိုင်ပွဲ တို့ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းပေါင်း ၂၂ သင်း နှင့် ပြိုင်ပွဲဝင် အားကစား သမား ၁၄၂ ဦးတို့ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ရာ ပြိုင်ပွဲကို ဧပြီ ၇ ရက်အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ရိုးရာ အားကစားနည်းများကို ဖော်ထုတ်ကာ နိုင်ငံတကာ ရိုးရာ အားကစားနည်းများနှင့် ရင်ဘောင်တန်း ယှဉ်ပြိုင် နိုင်ရန် နှင့် နိုင်ငံတကာ ရိုးရာ အားကစား သရုပ်ပြ ပွဲတော်များတွင် မြန်မာ့ ရိုးရာ အားကစားနည်း ပြသခွင့် ရရှိစေရေး အတွက် ရည်ရွယ်၍ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၊ အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ ကြီးကြပ် စီစဉ်မှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117