ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက် အင်းယားကန်ဘောင်တွင် ယနေ့ နေ့လည် ၂နာရီ ၅မိနစ်အချိန်က လက်ပစ်ဗုံးပုံစံအရာ ဝတ္ထုတစ်ခုအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေသည်ကို တွေ့ရကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ASEAN အဆင့် အစည်းအဝေး ဖြစ်သော အကြိမ်(၃၀)မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
ပေကျင်း၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နှင့်မက္ကဆီကိုအကြား နယ်စပ်တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေးသဘောညီချက်တွင် ထုတ်ပြန်ဖော်ပြထားခြင်းမရှိသေးသည့်အကြောင်းအရာတစ်ချို့ရှိရာ မက္ကဆီကို ဥပဒေပြုရေးရာဌာန၏ အတည်ပြုချက်ကို ရရန် စောင့်နေရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။ အကယ်၍အဆိုပါအကြောင်းအရာများကို အတည်မပြုပါက အမေရိကန်အနေဖြင့် မက္ကဆီကို ကုန်ပစ္စည်းများကို အခွန်ပြန်လည်စည်းကြပ်မည်ဖြစ်ကြောင်း...
နေပြည်တော်၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ကျောင်းစာအုပ်ထဲရှိ စာများကိုသာ ကျက်နေပြီး ကိုယ်လက် လှုပ်ရှားမှု မလုပ်သည့် ကလေး တစ်ယောက်သည် ပြီးပြည့်စုံသည့် လူကြီးတစ်ယောက် ဖြစ်လာဖို့ခကခဲသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဗာယု (Vayu) ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရပ်ပြည်နယ်နှင့် Diu နယ်မြေမှ လူ ၃၀၀,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရဖွယ်ရှိကြောင်း အိန္ဒိယ အစိုးရအဖွဲ့ရှိ တရားဝင် သတင်းရင်းမြစ်များက ဇွန်လ ၁၂ ရက်က...
အယ်လ်ဂျီးယား ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယား စွမ်းအင် ကုမ္ပဏီ Sonatrach နှင့် ပေါ်တူဂီ စွမ်းအင် ကုမ္ပဏီ Galp တို့သည် အယ်လ်ဂျီး ရီးယား မှ ပေါ်တူဂီသို့ဓာတ်ငွေ့တင်ပို့မှုအား ၁၀ နှစ် ထပ်မံ သက်တမ်းတိုးရန် သဘောတူညီချက်အား ဇွန် ၁၁...
ဆန်တီရာဂို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ရှိ Comodoro Arturo Merino Benitez အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဆိုလာပြားများ (Photovoltaic panel) တပ်ဆင်တော့မည်ဖြစ်ကြောင်း ချီလီနိုင်ငံ ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး လူူးကက်စ် ပါလာဆီရို့စ် (Lucas Palacios) က...
ကာရာကာ့စ်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံတွင် ဧပြီလ ၃၀ ရက်က အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ပါဝင်သူ ၁၇ ဦးအား ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြောင်း အာဏာပိုင်များက ဇွန်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေထိုင်သူနှစ်ဦးထံမှ ငွေကျပ် ၄၅၉ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မာလ်ပတ်စ် တို့သည် ဇွန် ၁၁ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်ဖက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။