Connect with us

Culture

မှတ်တမ်းတင်မိုက်ခရို ဗွီဒီယို ကျယ်ပြန့်ဖွံ့ဖြိုးလာမှုဆိုင်ရာ အကြောင်းအရာများအား တရုတ်-မြန်မာနှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးဖလှယ်ကြ


ရန်ကုန်၊ မတ် ၃၀ ရက်(ဆင်ဟွာ)

မှတ်တမ်းတင် မိုက်ခရို ဗွီဒီယို တရုတ်နိုင်ငံတွင် ကျယ်ပြန့်ဖွံ့ဖြိုးလာပုံဆိုင်ရာ ဟောပြောပွဲအား ယနေ့(မတ် ၃၀ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် သတင်းပညာသင်ကြားရေးစင်တာမှ ဆရာချန်ယွီက မိုဘိုင်းအင်တာနက်ကျယ်ပြန့်လာရာမှ ဗွီဒီယိုအသုံးများအကြည့်များလာပုံ၊ မှတ်တမ်းတင် မိုက်ခရို ဗွီဒီယို၏သဘောသဘာဝနှင့်ထူးခြားချက် ၊ UGC(User Generated Content) ဖန်တီးမှုနှင့် ထူးခြားချက်၊ PGC(Professional Generated Content) ဖန်တီးမှုနှင့်ထူးခြားချက်ဟူ၍ အပိုင်းကဏ္ဍလေးခုခွဲ၍ ဟောပြောဆွေးနွေးခဲ့သည်။

မှတ်တမ်းတင် မိုက်ခရို ဗွီဒီယို တရုတ်နိုင်ငံတွင် ကျယ်ပြန့်ဖွံ့ဖြိုးလာပုံဆိုင်ရာ ဟောပြောပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မိုဘိုင်းအင်တာနက် မြန်နှုန်းမြင့်လာခြင်း၊ လူတိုင်း စမတ်ဖုန်းအသုံးပြုလာနိုင်ခြင်းကြောင့် ဗွီဒီယို အကြည့်များအသုံးများလာခြင်းဖြစ်ကြောင်း ၊ ဗွီဒီယိုဟုဆိုရာတွင် online video နှင့် short videoဟူ၍ နှစ်မျိုးခွဲခြားနိုင်ရာ Short videoတွင် ဇတ်အိမ်ဖွဲ့ မိုက်ခရိုဗွီဒီယိုနှင့် မှတ်တမ်းတင် မိုက်ခရိုဗွီဒီယိုဟူ၍ ခွဲခြားနိုင်ကြောင်း၊ မှတ်တမ်းတင်မိုက်ခရိုဗွီဒီယိုသည် ပတ်ဝန်းကျင်၊လူမျိုး နေထိုင်မှုဘ၀ အမျိုးမျိုး၏ လက်တွေ့ဘဝကို ရှုထောင့်အမျိုးမျိုးက ထင်ဟပ်စေကြောင်း ၊ Short Videoသည် လူတိုင်းနေရာမရွေးအချိန်မရွေး အဓိကဇတ်ကောင်အနေဖြင့် ရိုက်ကူးထုတ်လွှင့်နိုင် သောကြောင့် Short Video appကို နှစ်ခြိုက်အသုံးပြုသူများလာရာ ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံတွင် Short Video app အသုံးပြုသူ သန်းပေါင်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။

မှတ်တမ်းတင် မိုက်ခရို ဗွီဒီယို တရုတ်နိုင်ငံတွင် ကျယ်ပြန့်ဖွံ့ဖြိုးလာပုံဆိုင်ရာ ဟောပြောပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် UGCပုံစံဖြင့် အသုံးများဆုံး Short Video app က Kuai Shou၊ Tik Tok၊ Watermelon၊ Wei Shiတို့ဖြစ်ကြောင်း ၊ ၎င်းတို့အနက် Tik Tok ၏ အသုံးပြုသူကျယ်ပြန့်တိုးတက် လာမှုနှုန်းသည် အမြင့်ဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဆ တိုးတက်လာရာ အသုံးပြုသူ သန်းပေါင်း ၂၀၀ ရှိကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို တရုတ်နိုင်ငံ ယူနန်တက္ကသိုလ် သတင်းပညာကောလိပ်၊ တောင်အာရှ အရှေ့တောင်အာရှနိုင်ငံတကာဆက်သွယ်ရေးကောလိပ်၊ ရွှေဇာမဏီ သတင်းစာတိုက်နှင့် တရုတ် ယဉ်ကျေးမှုစင်တာတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်၊မြန်မာ ဆရာမဆရာမများ ကျောင်းသားကျောင်းသူများပါဝင်တက်ရောက် နားထောင်ဆွေးနွေးခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117