Connect with us

Economy

ပထမအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန် ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာလ တွင်ကျင်းပမည်

www.shanghaiexpo.cn/ အားတွေ့ရစဉ် (ဓာတ်ပုံ-- www.shanghaiexpo.cn/)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် မေလ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ရပ်ဝန်းတစ်ခု လမ်းတစ်လမ်းဟူ၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်း အဝေးတွင်

၂၀၁၈ ခုနှစ်မှစ၍ တရုတ်နိုင်ငံ နိုင်ငံတကာကုန်စည်ပြပွဲ (China International Import Expo) ကို ကျင်းပမည်ဖြစ်ကြောင်း၊ ပထမအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်

ကုန်စည်ပြပွဲ ရှန်ဟိုင်းမြို့ ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

အဆိုပါကုန်စည်ပြပွဲသည် တရုတ်ပြည်ဈေးကွက်ဖွင့်လှစ်ပြီး ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသောပြုလုပ်မှုဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ ဖွံ့ဖြိုးတိုးတက်ရေး

အောင်မြင်မှုများကို ပြသရန် နှင့် တစ်ကမ္ဘာလုံး စီးပွားရေးကူးသန်းရောင်းဝယ်မှုခေါင်းစဉ်များ အား ဆွေးနွေးရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစင်မြင့်ဖြစ်ကြောင်း၊

တရုတ်နိုင်ငံဘက်အနေဖြင့် ပါဝင်ပြသမည့် နိုင်ငံများအတွက် အဆင်ပြေစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက်

လိုအပ်သလိုကူညီထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်ကုန်စည်ပြပွဲသည် အဓိကအားဖြင့် ထူးခြားချက် ၅ ချက် ရှိကြောင်း၊ ၎င်းတို့မှာ တရုတ်နိုင်ငံဈေးကွက်အကြီးအကျယ်ရှိကြောင်း၊ တရုတ်နိုင်ငံသည်

လူဦးရေအများဆုံးရှိပြီး ကမ္ဘာတွင် ဒုတိယအကြီးဆုံးစီးပွားရေးအုပ်စု၊ ဒုတိယအများဆုံး သွင်းကုန်နိုင်ငံ နှင့် စားသုံးမှုနိုင်ငံဖြစ်ကြောင်း ၊ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသည်

စားသုံးမှုအတိုင်းအတာ အဆက်မပြတ်တိုးမြင့်လာနေသည့် အချိန်ကာလ ရောက်ရှိနေကြောင်း၊ စားသုံးမှု နှင့် သွင်းကုန်ပမာဏ တိုးတက်ရန် ကြီးမားသည့် အလားအလာရှိကြောင်း

သိရသည်။

လာမည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ဘီလျံ၁၀,၀၀၀ ကျော်တန်ဖိုးရှိကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုများကို တင်သွင်းမည်ဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီများ

အတွက် တရုတ်နိုင်ငံဈေးကွက်ကြီး သို့ဝင်ရောက်ရန် သမိုင်းဝင် အခွင့်အရေးဖန်တီးပေးမည်ဖြစ်ကြောင်းသိရသည်။

ရှန်ဟိုင်းမြို့ ၏ အားသာချက် တမူထူးခြားကြောင်း၊ ရှန်ဟိုင်းသည်ရန်စီမြစ်တြိဂံဒေသစီးပွားရေးဇုန်တွင် တည်ရှိပြီး တည်ရှိနေသည့် အားသာချက်သည် ထူးခြားကြောင်း၊

စီးပွားရေးအင်အားတောင့်တင်း၍ ဝန်ဆောင်မှုလုပ်ငန်းတိုးတက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးမှ အရင်းအမြစ်မှ အရင်းအမြစ်စုစည်းနိုင်သည့် စွမ်းအားရှိကြောင်း၊ ရှန်ဟိုင်းဆိပ်ကမ်း

၏ ကွန်တိန်နာဝင်ထွက်မှု အရေအတွက်သည် ပြီးခဲ့သည့် ၇ နှစ် အတွင်း ဆက်တိုက်ကမ္ဘာတွင် အများဆုံးဖြစ်ကြောင်း၊ လေဆိပ်မှ ဝင်ထွက်သွားလာလျက်ရှိသည့် ခရီးသည်

တစ်နှစ်လျှင် သန်း ၁၀၀ ကျော်ရှိပြီး၊ လေကြောင်းလိုင်းသည် တစ်ကမ္ဘာလုံးမှ ၂၈၂ မြို့ သို့ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ပြပွဲ၏ အတိုင်းအတာသည် ကြီးကျယ်ခမ်းနားကြောင်း၊ ပထမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသို့ နိုင်ငံ နှင့် ဒေသပေါင်း ၁၀၀ ကျော်မှ ကုမ္ပဏီများ

ပါဝင်ပြသမည်ဖြစ်ပြီး ၊ပြပွဲတွင် ရောင်းသူ၊ ဝယ်သူတွေ့ဆုံညှိနှိုင်းပွဲ၊ လုပ်ငန်းသီးခြားဆွေးနွေးပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ နှင့် သက်ဆိုင်ရာအစီအစဉ်များ

တပြိုင်တည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့်လည်း အပြည့်အစုံ အာမခံပေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲ အိမ်ရှင်ဘက် အနေဖြင့် အကောက်ခွန်ဖြတ်သန်းရန် နှင့်

ကုန်စည်စစ်ဆေးမှု၊ ရောဂါတားဆီးကာကွယ်မှုများ စသည့်ဘက်တွင်လည်း အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးရန်ရှိကြောင်း၊ ရောင်းဝယ်ရေးဝန်ဆောင်မှုကို အွန်လိုင်း နှင့် Off-

Line တွင် အမြဲဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း၊ ပညာရေးမူပိုင်ခွင့်ကို ထိန်းသိမ်းကာကွယ်ရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖောက်သည်များ ၏

အခွင့်အရေးအကျိုးအမြတ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်ဝယ်လိုအားကြီးမားကြောင်း၊ တရုတ်ပြည်တွင်းမှ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမြို့ တို့မှ နေရာအသီးသီး စီးပွားရေးလုပ်ငန်းရှင်များ ကို

စုစည်း၍ လာရောက်ဝယ်ယူရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အလားတူ တတိယနိုင်ငံမှ ကုန်သည်များ လာရောက်ဝယ်ယူရန် ဖိတ်ခေါ်ပေးမည်ဖြစ်ကြောင်း၊ ခန့်မှန်းချေအရ

ပြည်တွင်းပြည်ပ မှ သီးသန့်ဝယ်ယူမှုကုမ္ပဏီပေါင်း တစ်သိန်းခွဲ ရှိနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရ အနေဖြင့် မြန်မာနိုင်ငံအစိုးရအကြီးအကဲ၊ စက်မှုကုန်သွယ်ရေး မှ ကိုယ်စားလှယ်များ၊ ပါဝင်ပြသမည့် ၊ဝယ်ယူမည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်၍

တရုတ်ဈေးကွက်ကို ထိုးဖောက်ရန် ဖိတ်ခေါ်ကြောင်း၊ ယခုကုန်စည်ပြပွဲ နှင့် ပတ်သက်၍ www.shanghaiexpo.cn/ တွင် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117