Connect with us

Economy

၁၆ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကျင်းပမည်

၁၄ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

၁၆ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် ၁၂ ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

၁၆ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် (၁၂)ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော် မတီ (Joint Border Trade Cooperating and Coordinating Committee – JBTCCC) အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ရွှေလီမြို့တွင် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသ နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည် တော် ဖုန်း ဝ၆၇-၄၃ဝ၄၄၆၊ ၄၃ဝ၄၄၇ ဖက်(စ်) ဝ၆၇-၄၃ဝ၁၂၈၊ Email: moctradefair @ gmail.com နှင့် မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း ဝ၁-၂၅၄ဝ၂၄၊ E mail: [email protected] တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.