Connect with us

Economy

၃၂ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ တွင် မြန်မာလုပ်ငန်းရှင်များပါဝင်ပြသရန် ဖိတ်ကြားထား

၁၇ကြိမ်မြောက် စားသောက် ကုန်ကုန်စည်ပြပွဲ ဟောင်ကောင်တွင် ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၃၂ကြိမ်မြောက် စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၂၁ (Food Expo 2021 )ပြပွဲကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ Hong Kong Convention and Exhibition Center တွင် သြဂုတ် ၁၂ ရက် မှ ၁၆ ရက် အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လုပ်လုပ်ငန်းရှင်များအား ဖိတ်ကြားထားကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ ဆင်ဟွာသို့ ဇန်နဝါရီ ၁၃ ရက် တွင် ပြောကြားသည်။

“ဟောင်ကောင်မှာ ရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကနေဖိတ်ကြားလာတာပါ။ ဒီပွဲမှာ ပါဝင်ပြသခဲ့ရင် မြန်မာနိုင်ငံရဲ့ စားသောက်ကုန်တင်ပို့မှုတွေမြှင့်တင်နိုင်ဖို့၊ မြန်မာ့စားသောက်ကုန်ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

ယင်းပြပွဲတွင် အစားအသောက်နှင့် အဖျော်ယမကာကုန်ပစ္စည်းများ၊ စားသောက်ကုန်များထုပ်ပိုးမှု၊ တံဆိပ်ကပ်ခြင်း၊ ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဟာလာအစားအစာ နှင့် အဖျော်ယမကာကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင်ပါဝင်ပြသရန် ပြခန်းငှားရမ်းမည့်သူများအနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၉ ရက်တွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များအား [email protected][email protected] နှင့် mitc@myantrade သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117