Connect with us

Economy

တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ်(ICBC) ရန်ကုန် မြို့တွင် တရားဝင် စတင်ဖွင့်လှစ်

ICBC ရန္ကုန္ဘဏ္ခြဲ ဖြင့္ပြဲ အခမ္းအနား (ဆင္ဟြာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ် (ICBC) အား စက်တင်ဘာ လ ၈ ရက်နေ့တွင် ရန်ကုန် မြို့၌ တရားဝင် စတင်ဖွင့်လှစ် ခဲ့ပြီး မြန်မာ နိုင်ငံ တွင် ပထမ ဦးဆုံး ဖွင့်လှစ် ခဲ့သည့် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဘဏ် တစ်ခု ဖြစ်ခဲ့သည်။

ICBC ဘဏ် မှ ရန်ကုန် ဘဏ်ခွဲ ဖွင့်လှစ် လိုက်ခြင်းသည် ICBC ဘဏ်၏ အရှေ့တောင်အာရှ ဒေသ ကွန်ရက် အတွက် ပိုမို ပြည်စုံ လာစေခဲ့ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေး နှင့် ICBC လုပ်ငန်း ပြည်ပချဲ့ထွင်ရေး အတွက် တွန်းအား ပေးနိုင်စေခဲ့ပါသည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ တရုတ် နိုင်ငံ ပိုင် စက်မှု နှင့် ကုန်သွယ်ရေး ဆိုင်ရာ ဘဏ် (ICBC) ဥက္ကဋ္ဌ ယိဟွေ့မန် တို့မှ ဖွင့်ပွဲ အခမ်းအနား အား တက်ရောက် ခဲ့ကြသည်။

ယိဟွေ့မန် မှ ICBC ရန်ကုန် ဘဏ်ခွဲ ဖွင့်လှစ် လိုက်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ICBC ဘဏ် ၏ ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့ဖြန့်ကျက်မှု အတွက် အရေးပါသည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ရန်ကုန် ဘဏ်ခွဲ ဖွင့်လှစ်ပြီးလျှင် ဥပဒေ နှင့် အညီ လုပ်ကိုင်ဆောင်ရွက်သည့် မူဝါဒ ဖြင့် ICBC ၏ ကြီးမားသည့် လုပ်ငန်း အတိုင်းအတာ နှင့် အပြည်ပြည်ဆိုင်ရာ ကွန်ရက် ဖြင့် တရုတ်-မြန်မာ ကုန်သွယ်ရေး လုပ်ငန်း အတွက် ပေါင်းကူး တံတား ဖြစ်လာရန် ကြိုးပမ်း ဆောင်ရွက်ကာ ဒေသတွင်း အစိုးရ ကျေနပ်မှု ရရှိရန် ၊ ပြည်သူ လူထု ယုံကြည်အားထားရန် ၊ သုံးစွဲသူများ ကျေနပ်သဘောကျပြီး လူထု အသိုင်းအဝိုင်းမှ ကောင်းမွန်ထူးချွန်သည့် ပုံရိပ် ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ICBC ဘဏ်ဥက္ကဋ္ဌ ယိဟွေ့မန် မိန့်ခွန်းပြော နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင် မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

ICBC ဘဏ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ သဘောတူ လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်မှု မိတ်ဆွေနိုင်ငံ ဖြစ်ပြီး ပြည်ပ ရင်းနှီးမြှပ်နံမှု အများဆုံး ပြုလုပ်သည့် နိုင်ငံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ လုပ်ငန်း များမှ လျှပ်စစ် ၊ စွမ်းအင် ၊ စိုက်ပျိုးရေး ၊ ဆက်သွယ်ရေး ၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး ၊ သယံဇာတ တူးဖော်ရေး နှင့် ပစ္စည်း ကိရိယာ ထုတ်လုပ်မှု ကဏ္ဍ များတွင် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု များရှိပြီး မြန်မာ နိုင်ငံ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမား သည့် တွန်းအား ဖြစ်စေခဲ့ကြောင်း ၊ အနာဂတ် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂတ် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည် ကြီးမား သည့် အလားအလာ များ ရှိကြောင်း ပြောကြားခဲ့သည်။

ICBC ဘဏ်သည် အပြည်ပြည် ဆိုင်ရာလုပ်ငန်း ပုံစံ နှင့် ဘက်စုံ လုပ်ငန်း လည်ပတ်ရေး အတွက် တည်ငြိမ်သည့် ခြေလှမ်း များဖြင့် တက်လှမ်းနေပြီး ပြည်ပ လုပ်ငန်း ချဲ့ထွင် ရေး နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု များအတွက် ကြိုးပမ်းဆောင်ရွက် နေကြောင်း ၊ လက်အရှိချိန် တွင် ICBC ဘဏ် မှ ကမ္ဘာလုံး ဆိုင်ရာ ဝန်ဆောင်မှု ကွန်ရက် အဖြစ် အာရှ ၊ ဥရောပ ၊ အာဖရိက ၊ လက်တင် အမေရိက ၊ အမေရိက နှင့် သြစတြေးလျ စသည့် အပြည်ပြည် ဆိုင်ရာ ငွေကြေး စင်တာ များတွင် ဖြန့်ကျက်ထားရှိခဲ့ပြီး နိုင်ငံ ပေါင်း ၄၂ နိုင်ငံ ၌ ပြည်ပ လုပ်ငန်း ဖြန့်ကျက်မှု အကြီးမား ဆုံး တရုတ် နိုင်ငံ ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်း ဖြစ်ခဲ့ပြီး နိုင်ငံ ပေါင်း ၁၄၇ နိုင်ငံ မှ ဘဏ်ပေါင်း ၁၆၀၄ ခု နှင့် အေဂျင်စီ ဆက်ဆံရေး တည်ဆောက်နိုင် ခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံ အတွင်းရှိ ၇ နိုင်ငံ တွင် ICBC ဘဏ် မှ ဘဏ်ခွဲ များ ဖွင့်လှစ် နိုင်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က “ တရုတ်နိုင်ငံမှာ အကြီးဆုံး ဘဏ်ဖြစ်တဲ့ ICBC ဘဏ်ဟာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။’’ ဟုပြောသည်။
မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပြုလုပ်ရာတွင် ငွေကြေးစီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် ICBC ရန်ကုန်ဘဏ်ခွဲသည် Union Resource and Engineering Co.,Ltd ၊ Power China Group, Kunming Engineering Corporation Limited၊ China CAMC Engineering Co.,Ltd ၊ ဟွာဝေးနည်းပညာ ကုမ္ပဏီလီမိတက် (Huawei Technologies Co.,Ltd)၊ တရုတ်ဖွံ့ဖြိုးရေးဘဏ်(China Development Bank)၊ ရိုးမဘဏ်လီမိတက်တို့နှင့် ယနေ့ လက်မှတ်ရေးထိုးလိုက်သည်။

ICBC သည် ကမ္ဘာပေါ်တွင် ရရန်ပိုင်ခွင့် အများဆုံးရှိသည့် အကြီးဆုံးဘဏ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလိုင်စင် ရရှိထားသည့် တစ်ခုတည်းသော တရုတ်ဘဏ် ဖြစ်ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117